top of page
Search

ဝါရီရူဓမ္မသတ်

Writer: Universities' Mon Research NetworkUniversities' Mon Research Network

Updated: Nov 25, 2020


[Myanmar Version]


ဓမ္မသတ်ဟူသော ဝေါဟာရသည် “ဓမ္မသတ္တ” ဟူသော ‌ပါဠိပုဒ်မှလာ၍ “တရားကျမ်း” ဟု အဓိပ္ပာယ်ရသည်။ ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးများသည်‌ ရှေးက အမှုတစ်ခုကို ဆုံးဖြတ်ရာတွင် လက်တွေ့ကျင့်သုံးစီရင်ကြသော ဥပဒေများဖြစ်ကြရာ မွန်လူမျိုးတို့ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးနှင့်‌ တရားစီရင်ရေးမဏ္ဍိုင်များကို တည်ဆောက်ရာတွင် ‌ဓမ္မသတ်ကျမ်းများသည် အခြေခံအုတ်မြစ်သဖွယ် ပါဝင်ခဲ့ကြပေသည်။ ယင်းတို့အနက် ‘မိုးကျဘုရင်၏ ‌တရားကျမ်း’ ‌ဟု ‌အဓိပ္ပာယ်ရသည့် “ဝါရီရူဓမ္မသတ်”သည် မြန်မာ့‌ဓလေ့ထုံးတမ်းဥပဒေနှင့် ဓမ္မသတ်နယ်ပယ်တွင် အထူးထင်ရှား၍ ဩဇာလွှမ်းမိုးမှုရှိသည့် ကျမ်းတစ်စောင်ဖြစ်သည်။


သမိုင်းကြောင်းတစ်လျှောက်တွင် မွန်တိုင်းရင်းသားများသည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် အခိုင်အမာ ရပ်တည်ခဲ့ကြသည့် ‌လူမျိုးတစ်မျိုးအဖြစ် ထင်ရှားပါသည်။ ‌သမိုင်းကြောင်းအစဉ်အလာ ကြီးမားခြင်းနှင့်အတူ ခေတ်အဆက်ဆက် တွေ့ရှိရသည့် ‌စာပေအထောက်အထားများကလည်း မွန်တို့၏ ‌ခိုင်မာသော လူမှုအဆောက်အအုံ တိုးတက်ထွန်းကားလာမှုဖြစ်စဉ်ကို‌ ကောင်းစွာ ထင်ဟပ်ပြနိုင်စွမ်းရှိသည်။ အေဒီ ၅ - ၁၂ ရာစု အတွင်း ဒွာရဝတီ၊ ဟရိဘုဉ္ဇနှင့် သုဝဏ္ဏဘူမိမွန်မြို့ဟောင်းများတွင် တွေ့ရှိရသည့် ခေတ်ဟောင်းမွန်ကျောက်စာ၊ အုတ်ခွက်စာ၊ မှင်စာများသည် လည်းကောင်း၊ အေဒီ ၁၂ - ၁၆ ရာစုကြား ဟံသာဝတီခေတ်တွင် ရေထိုးခဲ့သည့် ရွှေတိဂုံဘုရားကျောက်စာနှင့် ကလျာဏီသိမ်ကျောက်စာများသည်လည်းကောင်း၊ အေဒီ ၁၆ ရာစုမှသည် ‌ယနေ့ခေတ်အထိ ပေရွက်၊ စက္ကူများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားပုံနှိပ်လာသည့် ‌စာအုပ်စာတမ်း၊ အရေးတော်ပုံကျမ်း စသည်တို့သည်လည်းကောင်း ‌မွန်လူမျိုးတို့ ‌ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ ‌လူမှုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ‌အခင်းအကျင်းအသီးသီးတို့၏ ‌ကြေးမုံပြင်သဖွယ်ပင် ဖြစ်ပါသည်။ ယင်းကဲ့သို့ ပုံပြင်ဒဏ္ဍာရီ၊ ရာဇဝင်၊ လောကနီတိ၊ ဓမ္မသတ်၊ ဆေးကျမ်း၊ ဘာသာရေးစာပေ စသည်ဖြင့် ‌အမျိုးအစား‌စုံလင်ကြွယ်ဝလှသည့် မွန်တို့၏ မှတ်တမ်းမှတ်ရာများအနက် ‌ဝါရီရူဓမ္မသတ်သည် ‌မွန်လူမျိုးတို့အတွက်သာမက မြန်မာ့ဥပဒေနှင့် တရားစီရင်‌ရေးသမိုင်း တစ်ခုလုံးအတွက်ပါ ‌အရေးပါလှသည့် ‌မှတ်ကျောက်တစ်ခုအဖြစ် ‌ရပ်တည်လျက် ရှိပေသည်။


ဝါရီရူဓမ္မသတ်သည် မွန်သမိုင်းတွင် ထင်ရှားသည့် မုတ္တမမြို့တည်နန်းတည်ဘုရင် မဂဒူး ခေါ် ဝါရီရူမင်း အုပ်စိုးစဉ်ကာလအတွင်း ပြဋ္ဌာန်းခဲ့သော ဓမ္မသတ်တစ်စောင် ဖြစ်သည်။ တကော့ဝန်မြို့၊ သာမန် ကုန်သည်လယ်သမားမျိုးမှလာ သော မဂဒူးသည် သက္ကရာဇ် ၆၄၃ ခုနှစ် (အေဒီ ၁၂၈၁) တွင် မုတ္တမစား အလိမ္မာမင်းကို အောင်နိုင်ပြီးနောက် “ဝါရီရူ” ဘွဲ့အမည်ခံကာ ‌ဒုတိယဟံသာဝတီမင်းဆက်၏ အဦးအစဖြစ်သည့် ‌မုတ္တမမင်းဆက်ကို စတင်တည်ထောင်သည်။ မုတ္တမကို အောင်နိုင်သောနှစ်တွင်ပင် မြို့လယ်၌ တန်ဆောင်းကြီးတစ်ဆောင်ဆောက်စေပြီး ရဟန်းပညာရှိ၊ လူပညာရှိ၊ ပုဏ္ဏားဟူးရားများကို ဖိတ်ကြားကာ ဓမ္မသတ်တစ်စောင် စီရင်စေခဲ့သည်။ မူလက မဂဒူးဓမ္မသတ်ဟုတွင်ရာမှ နောင်တွင် မင်း၏ဘွဲ့အမည်ကိုစွဲ၍ ‘ဝါရီရူဓမ္မသတ်’ ဟု ခေါ်ဆိုကြသည်။ ထိုသို့ပြုစုရာတွင် ရှေ့ပြေးဓမ္မသတ်ကျမ်းများဖြစ်သည့် မနုဓမ္မသတ်၊ ပျူဓမ္မသတ်၊ မွန်ဗုဒ္ဓဘာသာဓမ္မသတ်နှင့် ဓမ္မဝိလာသဓမ္မသတ်တို့ကို အခြေခံထား၍ စီရင်ခဲ့လိမ့်မည်ဟု ယူဆရသည်။ ဝါရီရူမင်းသည် ‌ဓမ္မသတ်စီရင်ချိန်၌ “ဤဓမ္မသတ်သည် ကမ္ဘာဆုံးတိုင်တည်တံ့ပါစေကြောင်း” အဓိဋ္ဌာန်ပြု ဆုတောင်းပန်ခြွေခဲ့သည့်နည်းတူ နောင် မွန်မင်း၊ မြန်မာမင်းအဆက်ဆက်တို့ကလည်း နိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင်‌ ဝါရီရူဓမ္မသတ်ကို ‌နှစ်ပေါင်း၊ ခေတ်ပေါင်းများစွာ အထူးလက်ကိုင်ထား ကျင့်သုံး ခဲ့ကြသည်။


သမိုင်းတွင် ဝါရီရူဓမ္မသတ်ကို စီရင်ကြောင်း အစောဆုံးတွေ့ရသည့် စာပေအထောက်အထားမှာ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ဖြစ်သည်။ “အာဒိကပ္ပေန နရိန္ဒေန” အစချီ ဝါရီရူဓမ္မသတ်သည် သမိုင်းတစ်လျှောက် မွန်‌တို့ပြုစုပြဋ္ဌာန်းခဲ့သည့် ဓမ္မသတ် ၁၁ စောင်အနက်‌ တစ်စောင်အပါအဝင်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်း အ‌စောဆုံးပေါ်ပေါက်ခဲ့သည့် ၅ စောင်မြောက် ဓမ္မသတ်ကျမ်းအဖြစ် ထင်ရှားသည်။ ဓမ္မစေတီမင်း လက်ထက် ခရစ်နှစ် ၁၄၇၃ တွင် ဥပဒေပညာ၌ ကျွမ်းကျင်သော အရှင်ဗုဒ္ဓဃောသမဟာထေရ်မြတ်အား ဝါရီရူဓမ္မသတ်ကို မူလမွန်မူမှ ပါဠိမူနှင့် မြန်မာမူဟူ၍ မူခွဲနှစ်စောင် ဘာသာပြန်ဆိုစီရင်စေသည်။ ယင်းနောက် ဘုရင့်နောင်မင်းတရားလက်ထက် (အေဒီ ၁၅၅၀ - ၁၅၈၀) ၌ ဝါရီရူဓမ္မသတ် မြန်မာမူကို နိုင်ငံ၏ တရားစီရင်ရေးအခြေခံ ‌ဥပဒေကျမ်းတစ်ရပ်အဖြစ် ကျင့်သုံးခဲ့သည့်နည်းတူ ဓမ္မသတ်ကျမ်း ၉ စောင်၏ အချုပ်ဖြစ်သော “ကိုးစောင်ချုပ်ဓမ္မသတ်” ကို ပြုစုရာတွင် ‌ပျူဓမ္မသတ်၊ မွန်ဗုဒ္ဓဘာသာ ဓမ္မသတ်၊ ဓမ္မဝိလာသဓမ္မသတ်များနှင့်အတူ ထည့်သွင်းစီရင်ခဲ့သည်။ သာလွန်မင်းလက်ထက် ‌တောင်ဖီလာပုဂ္ဂိုလ်ကျော် စီရင်သည့် ရွှေမျဉ်းဓမ္မသတ်သည်လည်း ဝါရီရူဓမ္မသတ်နှင့် ဟံသာဝတီဆင်ဖြူများရှင်ဖြတ်ထုံးတို့ကိုမှီး၍ ‌ပြုစုထားသည်ဟုဆိုသည်။ ‌ယနေ့ခေတ် ဖတ်ရှုနေရသည့် ဝါရီရူဓမ္မသတ်မှာ ခရစ်နှစ် ၁၇၀၇ တွင် ပေမူမှ ပြန်လည်ကူးယူ ထားခြင်းဖြစ်ပြီး ယင်းမူကိုပင် ခရစ်နှစ် ၁၈၉၂ ခုနှစ်၌ ပါမောက္ခ ဒေါက်တာဖော်ချမ်းမားမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ မျက်မှောက်ကာလတွင် ‌ဝါရီရူဓမ္မသတ်ကို ‌ပါဠိ၊ မွန်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားများဖြင့် ရှာဖွေလေ့လာနိုင်သကဲ့သို့ ပါဠိတစ်ပိုဒ် အနက်တစ်ပိုဒ် ဖွင့်ဆိုသည့် ‌နိဿယပုံစံ၊ စကားပြေပုံစံ၊ လင်္ကာပုံစံ စသည်ဖြင့် တင်ပြရေးသားပုံအမျိုးမျိုး ရှိကြောင်း သိရသည်။




သမိုင်းတွင်ထင်ရှားသည့် မွန်ဧကရာဇ်မင်းများအနက်တစ်ပါး အပါအဝင်ဖြစ်သည့် မဂဒူး (ခေါ်) ဝါရီရူမင်း



ပါမောက္ခ ဒေါက်တာဖော်ချမ်းမားနှင့်‌ ဂျေအက်(စ်)ဖာနီဗယ်အပါအဝင် ‌အနောက်တိုင်းသုတေသီအများစုက ‌ဝါရီရူ ဓမ္မသတ်သည် မနုဓမ္မသတ် ခေါ် ဟိန္ဒူဥပဒေ၏ ‌လောင်းရိပ်အောက်မှ ‌ဆင်းသက်ပေါက်ဖွားလာသည်ဟု ဆိုသည်။ ‌မွန်တို့သည် အိန္ဒိယတိုက်ငယ်၏ ယဉ်ကျေးမှုစက်ရိပ်လွှမ်းမိုးခံရရာ လူမျိုးတစ်မျိုးဖြစ်သည့် အားလျော်စွာ ဟိန္ဒူ‌ မနုဓမ္မသတ်၏ လွှမ်းမိုးမှုမှာ ‌အထူးကြီးမားခဲ့သည်။ အေဒီ ၁၇၀၇ ခုနှစ် ‌ဝါရီရူဓမ္မသတ် ပေမူ၏ ကျမ်းခေါင်းစဉ်သို့ တိုင်အောင် “ဝါရီရူမင်းလက်ထက်တော်တွင် စီရင်ရေးသားထားသည့် ‌မနုဓမ္မသတ္ထံ ခေါ် ‌မနုဓမ္မသတ်ကျမ်း” ‌ဟုပင် ‌မှတ်တမ်းတင်ရေးသားထားသည်။ တစ်ဖန် ‌ဝါရီရူဓမ္မသတ်ပါ ဖြတ်ထုံးအခန်းများ ဖွဲ့စည်းပုံသည်လည်း ‌မနုဓမ္မသတ်ပါ ‌‌အကြောင်းအရာခေါင်းစဉ်များအတိုင်းပင်ဖြစ်၏။ သို့သော် ‌ဥပဒေပညာရှင် ဒေါက်တာဘဟန်က ဝါရီရူဓမ္မသတ်ကို အသေးစိတ်လေ့လာလျှင် ‌ဟိန္ဒူဥပဒေနှင့် ‌မတူကွဲပြားပုံတို့ကို ‌သိမြင်နိုင်မည်ဟု ထောက်ပြခဲ့သည်။ အထူးသဖြင့် ဝါရီရူဓမ္မသတ်၌ လူတန်းစားလေးရပ် ခွဲခြားမှုမရှိခြင်း၊ သားသမီးများ တန်းတူညီမျှအမွေဆက်ခံခွင့်ရှိခြင်း၊ လင်နှင့်မယား တန်းတူအခွင့်အရေးရှိခြင်း၊ အိမ်ထောင်ရေးနှင့် ထိမ်းမြားလက်ထပ်ခြင်းတို့သည် ဘာသာရေးသဘော သက်ရောက်မှုမရှိဘဲ လူမှုရေးကိစ္စတစ်ရပ်သာဖြစ်ခြင်း၊ လင်မယားနှစ်ဦးသဘောတူ ‌လွတ်လပ်စွာ ကွာရှင်းပြတ်စဲခွင့်ရှိခြင်းနှင့် ‌ ဟိန္ဒူဥပဒေနှင့်မတူကွဲပြားစွာ ကိတ္တိမသားသမီးများသည် မွေးစားမိဘများထံမှအမွေကိုသာ ဆက်ခံခွင့်ရှိ၍ မိဘရင်း၏အမွေကို ‌ဆက်ခံခွင့်မရှိခြင်း စသည်တို့ပါဝင်သည်။ ထို့ကြောင့် ‌ဝါရီရူဓမ္မသတ်မှာ ဟိန္ဒူမနုဓမ္မသတ်ကို ‌နောက်ခံကျောရိုး‌ရယူထားဆဲဖြစ်သော်လည်း အသေအချာဆန်းစစ်ပါက ‌မိမိတို့‌ ဒေသတွင်းလူ့အဖွဲ့အစည်း၏ ‌ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ထိုက်သင့်ဆီ‌လျော်စွာ ပြုပြင်ပြဋ္ဌာန်းနိုင်စွမ်းရှိပြီဖြစ်ကြောင်း‌ ဖော်ပြနေခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ဝါရီရူဓမ္မသတ်သည် မွန်တိုင်းရင်းသားများအပါအဝင် မြန်မာ့လူမှုအသိုက်အဝန်းအတွင်း ဗြဟ္မဏအခြေခံ ဟိန္ဒူဥပဒေများမှ ဗုဒ္ဓဝါဒအခြေခံ ဓလေ့ထုံးတမ်းဥပဒေများသို့ တဖြည်းဖြည်း အသွင်ကူးပြောင်းလာသည့် ရှေ့ပြေးဓမ္မသတ်များအနက် တစ်စောင်အပါအဝင်ဖြစ်သည်ဟု ဆိုရမည်။


ဝါရီရူဓမ္မသတ်ကို လေ့လာကြည့်ပါက ၎င်းတွင် ဖြတ်ထုံးအခန်း (၁၈) ခန်း ပါဝင်သည်။ ယင်းတို့မှာ (၁) ကြွေးမြီချေးခြင်း၊ (၂) လက်ထပ်ထိမ်းမြားခြင်း၊ (၃) လင်မယားကွာရှင်းပြတ်စဲခြင်း၊ (၄) ‌သူ့မယား၊ သူ့သမီး တို့အား ပြစ်မှားခြင်း၊ (၅) ပေးကမ်းခြင်း၊ (၆) အမွေခွဲဝေခြင်း၊ (၇) ရောင်းဝယ်ခြင်း၊ (၈) ယုံကြည်အပ်နှံခြင်း၊ (၉) ပစ္စည်းခွဲဝေခြင်း၊ (၁၀) ပေါင်နှံခြင်း၊ (၁၁) လောင်းကစားမှု၊ (၁၂) သူရင်းငှားခြင်း၊ (၁၃) ခြေနှစ်ချောင်း၊ ခြေလေးချောင်းအမှု၊ (၁၄) ကျွန်မှု၊ (၁၅) လက်ရောက်ကျူးလွန်မှု၊ (၁၆) ကဲ့ရဲ့စွပ်စွဲမှု၊ (၁၇) လယ်ယာမြေ ပိုင်ဆိုင်မှုနှင့် (၁၈) ခိုးမှု တို့ဖြစ်ကြသည်။ ထိုအခန်းများ၌ ရာဇဝတ်မှုဖြတ်ထုံး (၅) ခန်းနှင့် တရားမမှုဖြတ်ထုံး (၁၃) ခန်းတို့ပါဝင်ရာ ဝါရီရူမင်းလက်ထက် တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝနှင့် အတော်အတန် ‌ကိုက်ညီကျင့်သုံးနိုင်ခဲ့မည်ဟု ယူဆနိုင်သည်။


ဝါရီရူဓမ္မသတ်ပါ ဖြတ်ထုံးတစ်ခန်းချင်းစီကိုလေ့လာရာတွင် စိတ်ပါဝင်စားဖွယ် လေ့လာစရာအချက်များကို ‌တွေ့ရမည်။ ပထမအချက်မှာ ကျမ်း‌သစ္စာပြု၍ တရားစီရင်ဆုံးဖြတ်ခြင်းဖြစ်သည်။ အမှုသည်နှစ်ဦးနှစ်ဖက် ‌သစ္စာဆို‌၍ စီရင်ဆုံးဖြတ်ခြင်းမျိုး တွေ့ရသည်။ ကြွေးမြီချေးခြင်းအခန်းတွင် ‌ငွေချေးယူသူမှ မိမိ‌ချေးယူမထားပါကြောင်း ‌အငြင်းအခုံ ပြောဆိုပါက ငွေချေးပေးသူက‌ ကျမ်းသစ္စာဆိုကာ မိမိငွေချေးပေးထားကြောင်း ‌သက်သေပြရမည်။ ‌အကယ်၍ သစ္စာမဆိုနိုင်လျှင် ‌ငွေချေးယူသူထံ ငွေပေးရသည်။ ငွေချေးယူသူဘက်မှ ‌သစ္စာမဆိုနိုင်လျှင် ‌ငွေချေးပေးသူထံ တစ်ဖန် နှစ်ဆပြန်၍ ငွေပေးလျော်ရသည်။ ‌ကျမ်းသစ္စာဆိုရာတွင် ‌ချေးယူသည့် ‌ငွေပမာဏအပေါ်လိုက်ပြီး ‌ငွေတစ်ဆယ်ဖြစ်လျှင် နေမြဲအတိုင်း၊ နှစ်ဆယ်ဖြစ်လျှင် မတ်တပ်ရပ်၍၊ သုံးဆယ်ဖြစ်လျှင် မတ်တပ်ရပ်၍ အရှေ့သို့ မျက်နှာမူလျက်၊ လေးဆယ် ငါးဆယ်ဖြစ်လျှင် နေတက်သော အချိန် အရှေ့ဘက်သို့မျက်နှာမူလျက်၊ ခြောက်ဆယ် ခုနှစ်ဆယ်ဖြစ်လျှင် သစ်ပင်ရင်း၌ ရပ်လျက်၊ ရှစ်ဆယ် ကိုးဆယ်ဖြစ်လျှင် တန်ခိုးကြီးဘုရားရှေ့ရပ်လျက်၊ တစ်ရာဖြစ်လျှင် ရေသို့သွား၍ သစ္စာဆိုခြင်း ပြုရသည်။ အမှန်တရားနှင့် နှုတ်ထွက်သစ္စာစကားတို့ကို အလေးအမြတ် တန်ဖိုးထားဆုံးဖြတ်သည့် တရားစီရင်ရေးစနစ် ဖြစ်သည်။ ထို့အတူ ရတနာသုံးပါးတွင်တည်သောသူ၊ သီလနှင့်ပြည့်စုံသူ၊ လိုချင်တပ်မက်မှုကင်းသူ၊ မိမိစီးပွားကို ရွက်ဆောင်စွမ်းရှိသူ၊ သံသရာကိုယုံကြည်သူ၊ ဆွေမျိုးများသူ၊ ဥစ္စာပေါကြွယ်သူ၊ ဖြောင့်မတ်တည်ကြည်ပြီး မျက်နှာမလိုက် အမှန်တိုင်းဆိုတတ်သူ၊ သူတစ်ပါးက ယုံကြည်ထိုက်သူ၊ သူတစ်ပါးကို အမှန်အတိုင်းယုံကြည်တတ်သူ စသည့် အချက်များအပေါ်တွင် ‌မူတည်၍ ယုံကြည်ကိုးစားအပ်၊ မေးမြန်းအပ်သော သက်သေအဖြစ် တင်မြှောက်သတ်မှတ်ကြသည်ဟုဆိုသည်။ ‌ဤသည်ကိုကြည့်ခြင်းဖြင့် ‌ဗုဒ္ဓအယူဝါဒအရ အမှန်တရားအပေါ်အခြေခံကာ သစ္စာပြုတရားစီရင်သည့်စနစ်တစ်ခုကို တွေ့ရမည် ဖြစ်သည်။


သစ္စာပြုခြင်းအပြင် အထူးစိတ်ဝင်စားဖွယ် ‌စီရင်ဆုံးဖြတ်နည်းတစ်မျိုးမှာ “ကမ္ဘာလေးရပ်တရားစီရင်ခြင်း” ဖြစ်သည်။ ‌ယင်းနည်းမှာ ‌မနုဓမ္မသတ်မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ပြီး ‌‌ကဲ့ရဲ့စွပ်စွဲမှုများတွင် သက်သေအထင်အရှားမရှိက ‌ကျင့်သုံးကြသည်။ ကမ္ဘာစောင့်နတ်တို့သည် ‌အမှန်တရားကို ‌မျက်ကွယ်မပြုဘဲ ‌ကံကြမ္မာကိုစီရင်ချမှတ်မြဲဖြစ်ကြောင်း ‌ယုံကြည်လက်ခံကာ ‘မြေ’၊ ‘ရေ’၊ ‘လေ’၊ ‘မီး’ ဓာတ်ကြီးလေးပါးပေါ်တွင်တည်မှီ၍ မီးပြိုင်၊ ဆန်စား၊ ခဲထောက်၊ ရေလား ဟူသည့် ‌နည်း ၄ နည်းမှ တစ်နည်းနည်းဖြင့် ‌ပြိုင်ဆိုင်စေပြီး ‌တရားစီရင်ခြင်းဖြစ်သည်။ ‌မီးပြိုင်ရာတွင် အမှုသည်နှစ်ဦးသည်အတိုင်းအတာနှင့် အလေးချိန် ညီမျှသော ဖယောင်းတိုင်များကို တစ်ပြိုင်တည်းထွန်းညှိရပြီး ဦးစွာ မီးငြိမ်းသွားသူကို အရှုံးဟုလည်းကောင်း၊ ဆန်ဝါးရာ၌ အမှုသည်နှစ်ဦးအား ဆန်တစ်ကျပ်သားကို ဝါးချေခိုင်းပြီး ဦးစွာ ပို၍ကျေညက်စွာဝါးချေနိုင်သူကို အနိုင်ဟုလည်းကောင်း၊ ခဲထောက်နည်းတွင် အမှုသည်နှစ်ဦးတို့၏ လက်ချောင်းထိပ်ဖျားများကို ခဲရည်ကျိုထားသောအိုးထဲသို့ နှစ်ကြရ၍ လက်ဖျားများ မဖူးမရောင်သောသူသည် အနိုင်ဟုလည်းကောင်း၊ ရေဖြင့်စီရင်သည့်နည်း၌ အမှုသည်နှစ်ဦးတို့ ရေအိုင် (သို့မဟုတ်) ချောင်းသို့သွား၍ အပြိုင်ရေငုပ်ကြရာ ရေထဲမှဦးစွာပေါ်လာသူကို အရှုံးဟုလည်းကောင်း ဆုံးဖြတ်ကြခြင်းမျိုးဖြစ်သည်။ ကမ္ဘာလေးရပ်တရားစီရင်ရာ၌ အမှုသည်နှစ်ဖက်စလုံး၏ သဘောဆန္ဒနှင့်အညီ ပြိုင်ဆိုင်ရပြီး ပြိုင်ဆိုင်မှုရလဒ်အရ တရားသူကြီးက ‌ချမှတ်သည့် စီရင်ချက်မှာ အပြီးအပြတ် ဖြစ်ပေသည်။ တရားကိုနတ်စောင့်သည့် သဘောတရားအတိုင်း မလျော်မကန်ပြုသူက ၎င်းဘာသာ စိတ်ဓာတ်ချောက်ချားရှုံးနိမ့်ကာ အမှုမှန်ပေါ်ပေါက်နိုင်မည်ဟု ယုံကြည်၍ ထိုခေတ် ထိုအခါက အမှန်တကယ် လက်ခံကျင့်သုံးခဲ့သည့် စီရင်ထုံးများ ဖြစ်သည်။



၁၈၉၂ ခုနှစ်တွင်‌ ပါမောက္ခ ဒေါက်တာဖော်ချမ်းမား ဘာသာပြန်ဆိုထုတ်ဝေခဲ့သော

မြန်မာ - အင်္ဂလိပ် နှစ်ဘာသာပါဝင်သည့် ဝါရီရူဓမ္မသတ်



ဝါရီရူဓမ္မသတ်သည် ‌ဟိန္ဒူဥပဒေနှင့် မတူကွဲပြားစွာ ‌ရပ်တည်သည့်အချက်များအနက် အမျိုးသားနှင့် အမျိုးသမီးကြား ‌အခွင့်အရေးကို ‌တန်းတူညီမျှထိန်းညှိကာကွယ်ပေးသည့် အချက်ပါဝင်သည်။ ‌ထိမ်းမြားလက်ထပ်ခြင်းအခန်းတွင် ‌ထိမ်းမြားရန်နေ့ရက်ရွေးပြီး ယောကျာ်းလေးဘက်မှမလာလျှင် မိန်းကလေး၏ မိဘများက သမီးကို အခြားသူထံ ပေးစားနိုင်သည်။ တင်တောင်းရန်ပြောထားသည့်ပစ္စည်းနှင့် မတောင်းလျှင်လည်း မိန်းကလေးဘက်မှ လက်မထပ်ဘဲ နေနိုင်ပါသည်။ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးအပေါ် ကျူးလွန်ပါက လင်ရှိအမျိုးသမီးဆိုရင် ၁၅ ကျပ်၊ အသက် မပြည့်သူဆိုလျှင် ၂ ဆ၊ အသက်ကြီးသူဖြစ်လျှင် ၂ ဆ၊ အလိုမတူက ၂ ဆ ပေးလျော်ရသည်ဟု ဖော်ပြထား၏။ ကျူးလွန်ခံရသူ‌ အမျိုးသမီးသည် ရူးသွပ်သူ၊ အနာကြီးရောဂါသည်၊ အကြားအာရုံချွတ်ယွင်းသူ စသည်တို့ဖြစ်ပါက တစ်ဘဝလုံး ကြည့်ရှုစောင့်ရှောက်သွားရသည်။ ယောကျာ်းလေးတစ်ဦးက မိမိသမီးနှင့် ဖောက်ပြန်လျှင် မိဘမှ ပေးစားနိုင်သည်။ မပေးစားလျှင် ‌အ‌လျော်တောင်းနိုင်သည်။ တစ်ဖန် မိန်းကလေးမှ ‌မိမိသဘောဆန္ဒအလျောက် ‌ယောကျာ်းလေးထံ အတူသွားရောက်နေထိုင်ပါက ‌ထိုယောကျာ်း၌အပြစ်မရှိဟု ‌သတ်မှတ်၍ ‌မိန်းကလေးမှ အကျိုးစီးပွားတစ်ခုခုကိုမျှော်ကိုး၍ သွားရောက်နေထိုင်ပြီးမှ လက်ထပ်ယူရန်၊ အလျော်ပေးရန် ယောကျာ်းလေးထံ ‌ဖိအားပေးမတောင်းဆိုနိုင်ချေ။


ထို့ပြင် လင်မယားကွာရှင်းခန်းအရ အမျိုးသားနှင့် အမျိုးသမီးတို့ကြား လွတ်လပ်စွာ ‌ကွာရှင်းပြတ်စဲခွင့် ရှိသည်။ ခင်ပွန်း (သို့) ဇနီး ကွယ်လွန်ပါကလည်း နောက်အိမ်ထောင်ပြုနိုင်သည်။ လင်မယားနှစ်ဦး ကြည်ဖြူစွာပေါင်းသင်းဆက်ဆံမှု ရှိသော်လည်း တစ်ဦးကကွာရှင်းချင်လျှင် ကွာရှင်းချင်သူက အိမ်ပေါ်မှာ လက်ချည်းသက်သက်ဆင်းသွားရပြီး ကျန်သူက ပစ္စည်းအားလုံးကို ခံစားပိုင်ခွင့်ရှိသည်။ ‌ကြွေးမြီချေးရာတွင် ခင်ပွန်း (သို့) ဇနီး ဖြစ်သူက မိမိအိမ်ထောင်ဘက်မသိဘဲ ငွေချေးယူထားပါက မသိသောသူထံတွင် ငွေမတောင်းရဘဲ နှစ်ဦးဆုံရာ ရှေ့မှောက်တွင်သာ တောင်းရသည်။ လင်က မယားကိုရိုက်သည်ဆိုပါက ဒဏ်၏နှစ်ဆ အပြစ်ပေးနိုင်သည်။ အမျိုးသားနှင့် အမျိုးသမီး၊ လင်နှင့် မယားတို့ကြား ‌တာဝန်နှင့် အခွင့်အရေးတို့ကို ‌အတော်အတန် ‌တန်းတူရည်မျှရှိအောင် ပြဋ္ဌာန်းထားကြောင်း တွေ့ရသည်။ ‌ထို့ပြင် ‌အမွေဆက်ခံရာ၌လည်း ဖခင်သေဆုံးက သားကြီးက ဖခင်၏အသုံးအဆောင်၊ ကျွန်နှင့် တိရစ္ဆာန်များကိုရပြီး အမိသေဆုံးက သမီးကြီးမှ အမိ၏ အသုံးအဆောင်နှင့် ကျွန်တို့ကိုရသည်။ ‌မိဘနှစ်ပါးစလုံးကွယ်လွန်လျှင် သားကြီး၊ သမီးကြီးက မိဘအရိုက်အရာရပြီး ပစ္စည်းများကို ခွဲဝေနိုင်ကြောင်း ‌ဆိုပါသည်။


‌မွန်တို့၏လူမှုအဖွဲ့အစည်းတွင် ‌ဟိန္ဒူယဉ်ကျေးမှုကဲ့သို့ ‌ဇာတ်ခွဲခြားမှုစနစ် ပီပီပြင်ပြင် မရှိချေ။ သို့ရာတွင် ‌ပဒေသရာဇ်ခေတ် လူတန်းစားခွဲခြားသတ်မှတ်ပုံများကြောင့် ‌ဝါရီရူဓမ္မသတ်၌ ဟိန္ဒူဓမ္မသတ်အတိုင်း ‌လူတန်းစားလေးရပ် ခွဲခြားစီရင်သည့်စနစ်၏ ‌အငွေ့အသက်များအား လုံးလုံးလျားလျား မပယ်နိုင်သည်ကို တွေ့ရသည်။ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအပေါ် ပြစ်မှားကျူးလွန်ပါက ‌မင်းမျိုး အမျိုးသမီး ဖြစ်လျှင် ငွေ ၁၂၀၊ ပုဏ္ဏားမျိုးဖြစ်လျှင် ၉၀၊ လယ်ယာပိုင်မျိုးဖြစ်လျှင် ၃၀ ပေးလျော်ရသည်ကိုကြည့်ခြင်းဖြင့် ‌ဟိန္ဒူတို့၏ ‌ဇာတ်ခွဲခြားသည့်စနစ်ပုံစံအတိုင်းပင် ကျင့်သုံးထားသည်ကို တွေ့ရမည်။ လက်ရောက်ကျူးလွန်မှု အခန်းတွင်လည်း ‌လူတန်းစားအဆင့်အလိုက်ပင် စစ်သူကြီး ၏ ဆံဦးကိုကိုင်‌သော် ငွေ ၇၀၀ ကျပ်၊ အမတ်အဆင့်ဖြစ်လျှင် ငွေစ ၇၀ မှ ကျပ် ၄၀၀ အထိ၊ သူဌေးဖြစ်က ၆၀ ကျပ်၊ သူဆင်းရဲဖြစ်က ၁၅ ကျပ် နှင့် ကျွန်ဖြစ်က ၁၀ ကျပ် အဆင့်အဆင့် ပေးလျော်ရကြောင်း ဆိုထားသည်။ မည်သို့ပင်ဆိုစေ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ဖြစ်သည့်အားလျော်စွာ မင်းဧကရာဇ်အပါအဝင် ‌အုပ်ချုပ်သူလူတန်းစားသည် ‌လူတန်းစားအလွှာအားလုံး၏ အထက်၌ရှိ၍ ဥပဒေဘောင်မှ အထူးကင်းလွတ်ခွင့်များရှိသည်။ မင်း (ဘုရင်)လာက ဆင်းရဲသူ ဖယ်ပေးရပြီး မဖယ်၍တိုက်မိက အပြစ်မရှိချေ။ ရှောင်ရင်းတိုက်မိမှသာ လျော်ပေးသည်။ ‌မင်းနှင့် မှူးမတ်များကြား မြေယာပိုင်ဆိုင်မှုပြဿနာဖြစ်က မင်းကို အနိုင်ပေးရ၏။ အထူးစိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ခိုးမှုအခန်းတွင် “မင်း၊ ပုဏ္ဏား၊ ရူးသွပ်သူ၊ သူငယ်၊ သူအိုတို့ ပစ္စည်းခိုးလျှင် အပြစ်မရှိ” ဟူ၍ ပြဆိုထားရာ ဘုရင်သည် ‌တရားဥပဒေ၏‌ ပြင်ပသို့ အကြွင်းမဲ့ရောက်ရှိနေလေသည်။


ဝါရီရူဓမ္မသတ်တွင် ‌ရာဇဝတ်မှုများအတွက် ယေဘုယျအားဖြင့် အလွန်ပြင်းထန်သည့် ‌ပြစ်မှုပြစ်ဒဏ်များမှာ ‌နည်းပါးသည်။ မနုဓမ္မသတ်တွင် ‌လူသတ်မှုနှင့်စပ်လျဉ်း၍ ‌အခန်းတစ်ခန်း သီးသန့်ပါဝင်သော်လည်း ဝါရီရူဓမ္မသတ်၌ ‌လက်ရောက်ကျူးလွန်မှုအခန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ထည့်သွင်းထားသည်။ ‌လူတစ်ဦးကို သေရာပါဒဏ်ရာရအောင် ‌ရိုက်နှက်မိလျှင် ငွေကျပ် (၈၀)၊ အဆုံးစွန်ဆုံးဖြစ်သည့် သေသည်အထိ ရိုက်နှက်မိလျှင်မူ ငွေကျပ် ‌(၃၀၀) ‌ပေးလျော်ရသည်။ သေသည်အထိရိုက်နှက်ခံရသူမှာ ရဟန်းပုဏ္ဏားဖြစ်က ရွှေစင်တစ်ရာ၊ စစ်သူကြီးဖြစ်က ‌ကျွန် ၄၀၀၊ အမတ်ဖြစ်က ရာထူးအဆင့်အလိုက် ကျွန် ၃၀၀ မှ ကျွန် ၈၀ အတွင်း၊ သူကြွယ်ဖြစ်က ‌ကျွန် ၂၀‌ ပေးလျော်ရကြောင်း ‌ဖော်ပြထား၏။ တရားခံအတွက် သေစားသေစေ ပြစ်ဒဏ်မျိုး မတွေ့ရချေ။ နှစ်ဦးသဘောတူ အပြန်အလှန်စိန်ခေါ်၍ သေသေကြေကြေ ခိုက်ရန်ဖြစ်ပွားကြရင်း ‌သေဆုံးပါက ‌အပြစ်မရှိဟုပင် ဆို၏။ ‌ဝါရီရူဓမ္မသတ်၌ မှတ်သားဖွယ်တစ်ခုမှာ ‌လင်ယောကျာ်းက ၎င်း၏ဇနီး အခြားယောကျာ်းနှင့် ဖောက်ပြန်နေသည်ကို မိမိအိမ်ရာအတွင်း၌ပင်တွေ့လျှင် ထိုမယားခိုးအား သတ်ပိုင်ခွင့်ရှိသည်။ သို့သော် ထိုမယားခိုးက လှေကားပေါ်မှ ဆင်းသွားပြီး အိမ်ရိပ်ပြင်ပ ရောက်သွားသည်နှင့် သတ်ပိုင်ခွင့်မရှိတော့ပေ။


ဝါရီရူဓမ္မသတ်ပါ ပြစ်မှုပြစ်ဒဏ်များကို ဆန်းစစ်ကြည့်ပါက လက်ရောက်ကျူးလွန်မှုထက် ‌ကဲ့ရဲ့စွပ်စွဲမှုအတွက် ‌ပြစ်ဒဏ်များက ‌ပို၍ပင် ပြင်းထန်နေပေသည်။ အပြစ်သားကို မြို့ရွာတွင်းလှည့်လည်ပြသခြင်း၊ သူယုတ်မာသည် မြတ်သောအမျိုးတို့နေရာ၌နေ၍ ‌အသုံးအဆောင်၊ အစားအသောက်တို့ကို ရယူသုံးဆောင်သည်ကို တွေ့ရှိက ‌တင်သား၊ ခံတွင်း၊ ‌ခြေ၊ လက် ‌စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများအား ဖြတ်တောက်ပစ်ခြင်း၊ ရဟန်းပုဏ္ဏားတို့အပေါ် ‌မဟုတ်မမှန် စွပ်စွဲပြောဆိုပါက ‌ခံတွင်းသို့သံရည်ပူလောင်းခြင်း၊ လျှို့ဝှက်ထားရမည့်အတွင်းစကားတို့ကို ‌ကတိဖောက်ဖျက်၍ ပြောဆိုပါက လျှာဖြတ်ပစ်ခြင်းတို့အထိ ရက်စက်သည့် ပြစ်ဒဏ်များချမှတ်နိုင်သည်ကို တွေ့ရသည်။


‌ဝါရီရူဓမ္မသတ်သည် လွန်ခဲ့သော နှစ်ပေါင်း ‌၇၀၀ ကျော်က ‌ပြုစုစီရင်ခဲ့သည့် ကျမ်းတစ်စောင်ဖြစ်သည့် အားလျော်စွာ လူ့အဖွဲ့အစည်းပုံစံနှင့် စံတန်ဖိုးများမှာ ယနေ့ခေတ်နှင့် လွန်စွာဝေးကွာခဲ့ပြီဖြစ်သည်။ ‌ဥပမာ - ကလေးမရနိုင်သော မယား၊ သမီးသက်သက်သာမွေးနိုင်သောမယားမျိုးကို ‌လင်ယောကျာ်းမှ ‌စွန့်လွှတ်နိုင်ခြင်း၊ မိရိုးဖလာကျွန်မျိုးဖြစ်သော ကျွန်မကို သခင်ဖြစ်သူက အလိုမတူဘဲကျူးလွန်သော်လည်း သခင်၌အပြစ်မရှိခြင်း စသည်ဖြင့် ခေတ်သစ်တရားဥပဒေအရ လက်မခံနိုင်သည့်အချက်များလည်း ပါရှိနေပေသည်။ တစ်ဖန် လက်ရောက်ကျူးလွန်ခြင်းအခန်း၌ ‌ရဟန်းသံဃာတို့အား ပုတ်ခတ်ပါက ထမင်း၊ ဟင်း၊ ပေါက်ပေါက် ၁၀၀ တို့ဖြင့် ပူဇော်တောင်းပန်ရကြောင်းဆိုထားပြီးနောက် ‌ရဟန်း အပါအဝင် အနာရှိသူ၊ ရူးသွပ်သူ၊ မင်းဒဏ်သင့်သူ၊ ပုဏ္ဏား၊ လူအို၊ သူငယ်တို့ကိုရိုက်မိက အပြစ်မရှိဟုဆိုပြန်ရာ အကြောင်းအရာအားဖြင့် ‌ရှေ့နောက်မညီ ‌ခြားနားနေသည်များလည်းရှိ၏။ ထို့ပြင် ငွေချေးယူသူ ထွက်ပြေးသွားပါက ငွေချေးစဉ် သက်သေအဖြစ်ပါသူက ငွေအတိုးရောအရင်းပါ ‌ဆပ်ပေးရခြင်း၊ မိမိ၏ မယား၊ ကျွန်၊ သား၊ အိမ် တို့ကို တစ်ပါးသူအား ပေးပြီးနောက်မှ ကိုယ်ဖိုးပေး၍ ‌ပြန်ရယူနိုင်ခြင်း၊ ပစ္စည်းကောက်ရပါက ကောက်ရသူ နှင့် ‌ကောက်ရရာ မြေ (သို့မဟုတ်) ရေ၏ ပိုင်ရှင်တို့ကြား ဥစ္စာ‌ခွဲဝေရခြင်း၊ မိဘကို ဝတ်ကြီးဝတ်ငယ်မပြုစုသော သားသမီးက အမွေမရ ခြင်း၊ ရန်ပွဲတွင် ထဘီ၊ ပုဆိုးလှန်ပြသူက အရှုံးဖြစ်ခြင်း၊ လယ်ယာမြေ အငြင်းပွားစဉ် ‌အမှုသည်နှစ်ဖက်စလုံးမှ မိမိပိုင်နက်အမှတ်အသားကို သက်သေမပြနိုင်လျှင် ထိုလယ်အရင်းခံ၍ ပထမဆုံးအလှူပြုသောသူက အနိုင်ရခြင်း၊ မိဘ၊ သခင်၊ ဆရာတို့၏ ပစ္စည်းကို သားသမီး၊ ကျွန်၊ တပည့်တို့ကခိုးလျှင် အပြစ်မရှိခြင်း အစရှိသဖြင့် သမားရိုးကျမဟုတ်ဘဲ အ‌ထူးမှတ်သားဖွယ် စီရင်ချက်များလည်း ပါဝင်နေကြလေသည်။


အချုပ်အားဖြင့်ဆိုသော် ဝါရီရူဓမ္မသတ်သည် မွန်တို့၏ ရပ်ရွာအရေး၊ တိုင်းရေးပြည်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ စီရင်ဆုံးဖြတ်မှုများတွင် ရာစုနှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့သည့် ‌ဓမ္မသတ်ကျမ်းကြီးတစ်ခု ဖြစ်သည်။ သို့ရာတွင် “ဓမ္မသတ်ကို ရာဇသတ်ချုပ်သည်။ ရာဇသတ်ကို ကတိဝုစ်ချုပ်သည်” ဟူသော ဆိုရိုးစကားအတိုင်း ‌ပဒေသရာဇ်စနစ် အောက်တွင် ဓမ္မသတ်ကျမ်းများ မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ ‌စီရင်ထုံးများကို ‌မင်းဧကရာဇ်၏ အမိန့်အာဏာဖြင့် ပယ်ဖျက်နိုင်သကဲ့သို့ တစ်ဖန် ဘုရင်၏အမိန့်ကိုလည်း သက်ဆိုင်သူ အမှုသည်အချင်းချင်းကြားထားရှိသော သဘောတူညီချက်ဖြင့် ပျက်ပြယ်သွားစေနိုင်ပါသည်။ မည်သို့ပင်ဆိုစေ တိုင်းသူပြည်သားများအကြား တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ‌အေးချမ်းသာယာဝပြောမှုတို့ကို ရှေးရှုလျက် ခေတ်အဆက်ဆက် မင်း၊ အမတ်၊ ခုံသမာဓိ၊ တရားသူကြီးတို့သည် ဤဓမ္မသတ်ကို စွဲကိုင်ကာ တည်ကြည်ဖြောင့်မတ်စွာ ‌ဉာဏ်ပညာရှေ့ထား၍ ‌စီရင်ဆုံးဖြတ်ခဲ့ကြလိမ့်မည်ဖြစ်သကဲ့သို့ ပြည်သူလူထုကလည်း အထူးအလေးအမြတ်ထားကာ ခံယူလိုက်နာခဲ့လိမ့်မည်ဟု ယူဆရပါသည်။ ထို့ကြောင့်လည်း ဝါရီရူဓမ္မသတ်သည် တရားစီရင်ရေးသမိုင်းတစ်လျှောက် ချန်လှပ်၍မရနိုင်အောင် ‌ဩဇာတိက္ကမကြီးမားသည့် ‌ကျမ်းတစ်စောင်အဖြစ် ယနေ့တိုင် သိရှိနေကြခြင်းဖြစ်ပါသည်။



[Mon Version]


ဓမ္မသာတ်ဝါရေဝ်ရောဝ်


ဝေါဟာ ဓမ္မသာတ်ဝွံ စှ်ေကၠုၚ် နူပိုဒ်ပါဠိ ‘ဓမ္မသတ္တ’ တုဲ ‘ပြကိုဟ်ဗဗွဲဓဝ်’ သာ်ဝွံ ဂွံအဓိပ္ပာယ်ရ။ ဓမ္မသာတ်၊ သၞောဝ်စဳရေၚ်ဂဗုတ် (ဖြတ်ထုံး)၊ အမှုသ္ပအစာံအပ္ဍဲအရာစဳရေၚ်ဂဗုတ်(စီရၚ်ထုံး) တအ်ဂှ် ဒှ်သၞောဝ်သုၚ်စောဲနတဲ ကာလ ဖျေံသ္ဂုတ်သွာတ်အမှုတအ်ဂှ် ဒှ်တုဲ ပ္ဍဲပရေၚ်ဇၞော်သၠုၚ်ပ္တိုန် ပရေၚ်အုပ်ဓုပ် ကေုာံ သၞောဝ်ဓဝ်ဝွံ ဓမ္မသာတ်တအ်ဂှ် ဒှ်ကၠုၚ်သ္ဇိုၚ်ရိုဟ်ကၞက်အိုတ်ရ။ ဓမ္မသာတ်ဝါရေဝ်ရောဝ် ဂွံယၟု ‘ပြကိုဟ် သၟိၚ်စှ်ေနူအကာသ’ ဝွံ ဒှ်ကၠုၚ်ဓမ္မသာတ် ဒယှ်တှ် ပ္ဍဲ သၞောဝ်အခိုက်အလေံကၟိန်ဍုၚ် (ဗမာ) ကေုာံ ကရောံဗွိုၚ်ဓမ္မသာတ် ဂမၠိုၚ်ရ။


ဂကူမန်ဝွံ ဒှ်ကၠုၚ်ဂကူ ဒတူဒလိုၚ်ကၠုၚ် နကဵု က္ဍိုပ်ဗ္တာၚ် နန်ထဝ် ဇကုဇကုဂှ် မြဟ်တမ္ညဝ်ကၠုၚ် မွဲဒမြိပ်ဝၚ်ရ။ မွဲစွံကဵု ပရေၚ်ဒယှ်တှ် ပြာကတ်ပ္ဍဲအရာဝၚ် ကေုာံ သက်သဳသာဓက လိက်ပတ်မန်တအ်ဂှ် ဗဒှ်ကဵုမံၚ် ဂကောံမၞိဟ်မန် မၞုံကၠုၚ်ကဵု ပရေၚ်ဖောအ်ဗြေဝ်တဴတက် ဗွဲမဗိုန်ဇၟန်ရ။ လိက်တၟံ၊ လိက်ချုလဝ်ပ္ဍဲခေါ်ဍိုတ် လိက်မှၚ်(မှၚ်စာ) ဂွံဆဵုကေတ် ပ္ဍဲဍုၚ်မန်တြေံ မပ္တံကဵု ဒွါရဝတဳ၊ ရဟိဘုဇ္ဇကေုာံ ဍုၚ်သုဝဏ္ဏဘုံ အကြာအေဒဳ ၅ - ၁၂ တအ်ကီု၊ လိက်တၟံ ကျာ်လ္ဂုၚ်ကေုာံ သီကလျာဏဳ မချူခၞံလဝ် ပ္ဍဲဍုၚ်ဟံသာဝတဳ အကြာအေဒဳ ၁၂ - ၁၆ တအ်ကီု၊ လိက်ချုလဝ် ပ္ဍဲသၠရိုတ်၊ ပ္ဍဲစက္ကူ နူအေဒဳ ၁၆ စဵုစိုပ်အခိၚ်လၟုဟ် မပ္တံကဵု လိက်အုပ် ကေုာံ ပြကိုဟ်နာနာ သာ်ကီု တအ်ဂှ် တုပ်ညံၚ်ရဴ ဓမံက်ထ္ၜးမံၚ် အသဝ်ဂုဏ် ၊ ၚုဟ်မး ဂကူမန်၊ မတတ်ၜက်ကၠုၚ်နူဂၠိုၚ်ကဵုသၞာံ ပ္ဍဲအရာ ပရေၚ်ဍုၚ်ကွာန် ၊ ပရေၚ်ပိုန်ဒြပ်၊ ပရေၚ်မၞိဟ်၊ ပရေၚ်အုပ်ဓုပ် ကေုာံ ပရေၚ်သၞောဝ်ဓဝ် တအ်အိုတ်ရ။ ပၞောဝ်ကဵု လိက်အုပ်ပုံအာဂီုမန်၊ လိက်ဝၚ်၊ လောကနဳတိ၊ ပြကိုဟ်ဂြန်ဂဥုဲ၊ ပြကိုဟ်စပ်ကဵုဘာသာတအ်ဂှ် ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ သွက်ဂကူမန်သၟးဟွံက သွက်သၞောဝ်ကၟိန်ဍုၚ်ကေုာံ ပရေၚ်သၞောဝ်ဓဝ် ကၟိန်ဍုၚ်လေဝ် လုပ်ကၠုၚ်အသုၚ်စောဲ ဗွဲမလောန်ရ။


ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ဒှ်ဓမ္မသာတ် သ္ပသ္ဇိုၚ်ကဵု သၟိၚ်ဝါရေဝ်ရောဝ်(မဂဒူ) ပကၚ်ရၚ်ဍုၚ်မုဟ်တၟံ (မုတ္တမ) ဂှ် မံက်ကတဝ်ကၠုၚ်ရ။ ညးဒှ် ကောန်ဗၠာဲ ညးကူဗၞိက်၊ သၟာဝါဗ္ၚ နူဍုၚ်ဝါန် မဂဒူဝွံ အံၚ်ဇၞးကေတ် သၟိၚ်အလိမ္မာမေန် ပ္ဍဲသၞာံ ၆၄၃ (အေဒဳ ၁၂၈၁) ဂှ် ဒုၚ်အဘိသေက် နကဵုယၟု “ဝါရေဝ်ရောဝ်”တုဲ ပ္တန်ကၠုၚ်အဆက်တၞောဝ်ဒတောဝ် ဍုၚ်မုဟ်တၟံ သွက်ဒုတိယဟံသာဝတဳ ဂွံမံက်ဂတဝ်ကၠုၚ်ရ။ ပ္ဍဲသၞာံဇၞးကေတ် ဍုၚ်မုဟ်တၟံဂှ် သၟိၚ်ဝါရေဝ်ရောဝ် ဖအောဝ်စကာ ကဵုသိုၚ်ခၞံလဝ် တန်ဆံၚ်ဇၞော်မွဲ ကော်ဘိက်ကေတ် တၠပညာခမဳသၚ်၊ ခရှ်ဂမၠိုၚ်တုဲ ကဵုခၞံဗဒှ် ဓမ္မသာတ်မွဲရ။ ဓမ္မသာတ်ဏံဂှ် ကၠာတဲ ခုတ်လဝ် ဓမ္မသာတ် မဂဒူတုဲ တိုန်နန်ဒုၚ်အဘိသေက် နကဵုယၟု ဝါရေဝ်ရောဝ်တုဲ ကေတ်ကၠုၚ်ယၟု ‘ဓမ္မသာတ်ဝါရေဝ်ရောဝ်’ မဒှ်ရ။ ကာလခၞံဗဒှ်ဓမ္မသာတ်ဏံဝွံ ဒုၚ်သ္ဇိုၚ်ကဵု ဓမ္မသာတ် မံက်ဂတဝ်မံၚ်တုဲတုဲ မပ္တံကဵု ဓမ္မသာတ်မနု (မနုဓမ္မသတ်)၊ ဓမ္မသာတ်ပျူ၊ ဓမ္မသာတ်ဗုဒ္ဓဘာသာ ဂကူမန် ကေုာံ ဓမ္မသာတ်ဓမ္မဝိလာသ တအ်တုဲ စဳရေၚ်ခၞံဗဒှ်ကၠုၚ် ဒှ်မာန်ရ။ သၟိၚ်ဝါရေဝ်ရောဝ် အခိၚ်ခၞံ ဓမ္မသာတ်ဏံဂှ် ဓမ္မသာတ်ဏံ ‘ကဵုဂွံစေန်ဆက်ၜက်တန်ကြန်အာ ဒဵုတွဵုကဝ်ညိ’ ရာဒၞါမိက်တုဲ သၟိၚ်မန်၊ ဗမာတအ် အဆက်ဆက် ရပ်စပ်သုၚ်စောဲကၠုၚ် ဓမ္မသာတ်ဏံ ပ္ဍဲအရာ ပရေၚ်သၞောဝ်ဓဝ်ဍုၚ် ဗွိုၚ်သၞာံဗွဲမလအ်ရ။


သက်သဳဂွံဆဵုညာတ်အခိၚ်ပြဟ်အိုတ် ဒဒှ်ရ ခၞံမဒှ်ကၠုၚ် ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ပ္ဍဲလိက်ကၞပ် ‘အကြီုရာဇာဓိရာဇ်’ မဒှ်ရ။ ဓမ္မသာတ်ဝါရေဝ်ရောဝ် စကၠုၚ်ကဵု ‘အာဒိကပ္ပေန နရိန္ဒေန’ ဝွံ ပၞောဝ်ကဵုဓမ္မသာတ် မန်တအ် ခၞံဗဒှ်ကၠုၚ် ၁၁ကၞပ်ဂှ် ဓမ္မသာတ်ဝါရေဝ်ရောဝ် ပါလုပ်မွဲကၞပ်တုဲ ပ္ဍဲဓမ္မသာတ်ခၞံမဒှ်ကၠုၚ် အခိၚ်ပြဟ်အိုတ် ပ္ဍဲကၟိန်ဍုၚ်တအ်ဂှ် ဒှ်ဓမ္မသာတ် ခၞံမဒှ်ကၠုၚ် ကဆံၚ်ပဥ္စမမွဲကၞပ်ကီုရ။ ပ္ဍဲသက္ကရာဇ်(၁၄၇၃)ဝွံ သၟိၚ်ဓမ္မစေတဳ ဖအောဝ်မှာထေရ် ဗုဒ္ဓဃောသ သွက်ဂွံကၠာဲစၠောံ ဓမ္မသာတ်ဝါရေဝ်ရောဝ် နဘာသာဗမာကေုာံ ပါဠိတုဲ ခၞံမဒှ်ကၠုၚ် ပြကိုဟ်မူပါ် ၜါကၞပ်နွံရ။ ဆက်တုဲ ပ္ဍဲလက်ထက် သၟိၚ် (ဘုရၚ့်နောၚ်) (အေဒဳ ၁၅၅၀ - ၁၅၈၀) ဂှ် ရပ်စပ် သုၚ်စောဲကၠုၚ် ဓမ္မသာတ်ဝါရေဝ်ရောဝ် မူကၠာဲစၠောံလဝ် ဘာသာဗမာ သွက်သ္ဇိုၚ် ဗွိုၚ်သၞောဝ်ဓဝ် ဍုၚ်သၟးဟွံက ပ္ဍဲအရာ ခၞံမဒှ် ဓမ္မသာတ်ပံၚ်ကောံ ၉ ကၞပ် ဂှ်လေဝ် ကရောံ ဓမ္မသာတ်ပျူ၊ ဓမ္မသာတ်ဗုဒ္ဓဘာသာ ဂကူမန်၊ ဓမ္မသာတ်ဝိလာသ တအ်ဂှ် ပါလုပ်မံၚ်ကီုရ။ ဓမ္မသာတ် (ရေႊမျဉ်း) ပုဂ္ဂိုလ်ဒယှ်တှ် နူ (တောၚ်ဖီလာ) ခၞံမဒှ်ကၠုၚ် ပ္ဍဲလက်ထက်သၟိၚ် (သာလွန်) ဝွံ နိဿဲကဵု ဓမ္မသာတ်ဝါရေဝ်ရောဝ် ကေုာံ သၞောဝ်စဳရေၚ်ဂဗုတ် သၟိၚ်စိၚ်ဗ္တာၚ်ဟံသာဝတဳ တအ်တုဲ စဳရေၚ်လဝ်ရောၚ် ဟီုလဝ်ရ။ ပ္ဍဲသက္ကရာဇ် ၁၇၀၇ဂှ် ကလေၚ်ကူဆာဲနၚ် ဓမ္မသာတ်ဝါရေဝ်ရောဝ်နူမူသၠရိုတ်တုဲ ပ္ဍဲသၞာံ ၁၈၉၂ဂှ် ပါမောက္ခဒံက်တာ ဖဝ်ချာန်မာ ကၠာဲစၠောံကၠုၚ် မူသၠရိုတ်ဂှ် နဘာသာအေၚ်္ဂလိက်ရ။ ကာလလၟုဟ်ဝွံ ဂၠါဲဗှ်ကေတ် ဓမ္မသာတ်ဝါရေဝ်ရောဝ် နကဵု ဘာသာပါဠိ၊ မန်၊ ဗမာ၊ အေၚ်္ဂလိက် တအ်မာန်တုဲ နဘာသာ ပါဠိ မွဲပိုဒ် အဓိပ္ပာယ်မွဲပိုဒ် နဗီုပြၚ် နိဿယ၊ ဆန်၊ အလၚ်္ကာတအ်လေဝ် ချူပ္တန်ထ္ၜးလဝ် ဗီုပြၚ် နာနာသာ်နွံရ။



သၟိၚ် မဂဒူ (ဝါ) ဝါရေဝ်ရောဝ် ညးမဒှ် ဨကရာဇ်ဒယှ်တှ်မွဲတၠ ပၞောဝ်ကဵု ဨကရာဇ်မန်ဂမၠိုၚ်




ပါမောက္ခ ဒံက်တာ ဖဝ်ချာန်မာ ကေုာံ ဂျေအက်(စ်)ဖာနဳဗယ် ကေုာံ သုတေသဳ ကၟိန်ဍုၚ်ပလိုတ် တအ် ဗွဲမဂၠိုၚ်ဂှ် ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ စှ်ေကၠုၚ် နူသ္ဇိုၚ် ဓမ္မသာတ်မနု (ကော်) သၞောဝ်ဟိန္ဒူ ရောၚ် ဟီုလဝ်အိုတ်ရ။ ဂကူမန်ဝွံ ဒှ်ဂကူ မၞိဟ်ပ္ဍဲသၞိၚ်ရုပ် ယေန်သၞာၚ် အိန္ဒယတုဲ ဒးဒုၚ်အုပ်ဓလီု ကၠုၚ်ကဵု ဓမ္မသာတ်မနု (ကော်) ဟိန္ဒူ တအ်မာန်ရ။ ပ္ဍဲသၞာံ ၁၇၀၇ ပ္ဍဲဓမ္မသာတ်ဝါရေဝ်ရောဝ် ချူဆာဲနူသၠရိုတ်ဂှ် နကဵုက္ဍိုပ်လိက် ‘ဓမ္မသာတ်မနုသတ္တံ (ကော်) ပြကိုဟ်ဓမ္မသာတ်မနု ခၞံမဒှ် ပ္ဍဲလက်ထက် သၟိၚ်ဝါရေဝ်ရောဝ်’ သာ်ဝွံ ရံၚ်မ္ဂး ဆဵုကေတ်မာန်ရ။ အခန်မပါ လုပ်မံၚ် ပ္ဍဲဓမ္မသာတ် ဝါရေဝ်ရောဝ်ဝွံ တုပ်သၟဟ်မံၚ်ကဵု ကဏ္ဍပါလုပ်မံၚ် ပ္ဍဲဓမ္မသာတ်မနုဂှ် ဂွံဆဵုကေတ်ပၠန်ရ။ ဆဂး တၠပညာသၞောဝ် ဒံက်တာဘဟာန် ဝွံ ‘ယဝ်ခါရ လ္ၚတ်ကေတ် ဓမ္မသာတ်ဝါရေဝ်ရောဝ် သောဲသောဲဗြောဲဗြောဲမ္ဂး တၞဟ်ခြာမံၚ်ကဵု သၞောဝ်ဟိန္ဒူဂှ် ဂွံဆဵုကေတ်မာန်ရောၚ်’ ထံက်ထ္ၜးကၠုၚ် ရ။ ဗွဲတၟေၚ်မ္ဂး ပ္ဍဲဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ကဏ္ဍ ဟွံပါ်ခြာလဝ် ကဆံၚ်အလံၚ်မၞိဟ်ပန်သာ်ကီု၊ ကောန်ဇာတ်တအ် အခေါၚ်အရာပါ်ပရအ်အာဲ ဗွဲမညဳသၟဟ်နွံကီု၊ တြုံဗြဴ အခေါၚ်အရာတုပ်သၟဟ် နွံကီု၊ ပရေၚ်ပတူအိန်ထံၚ် ထပ်တဲတအ်ဂှ် ဟွံဆက်စပ်ကဵု ပရေၚ်ဘာသာတုဲ ဒှ်ပရေၚ်မၞိဟ်သက် သက်ကီု၊ တၠသ္ၚိသမ္ဘာတအ် အခေါၚ်းပြး နွံဗွဲမသၠးပွးကီု ကေုာံ ကောန်ဝဳစ တအ်ဂှ် စအာဲနူ မိမ အရၚ်တအ် ဟွံဂွံတုဲ နူမိခွီုအပါခွီုတအ်ရောၚ် စအာဲမာန်တအ် ပါလုပ်ရ။ ဟိုတ်ဂှ်ရ ဓမ္မသာတ် ဝါရေဝ်ရောဝ်ဝွံ ၜိုန်ရဒုၚ်သ္ဇိုၚ်လဝ်ကဵု ဓမ္မသာတ်မနုကီုလေဝ် လ္ၚတ်ချိုတ်ချိုတ်ပၠိုတ်ပၠိုတ်မ္ဂး ဗွဲမကိတ်ညဳကဵု ယေန်သၞာၚ်၊ အခိုက်အလေံ ဒေသတအ်မာန်ရောၚ်ဂှ် ဓမံက်ထ္ၜးမံၚ်ရ။ ဟီုမွဲနဲပၠန် မ္ဂး ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ဒှ်ဓမ္မသာတ် ပၞောဝ်ကဵု ပ္ဍဲဗွိုၚ် ဂကူမန်၊ ဗမာဂှ် နူသၞောဝ်ဟိန္ဒူမွဲကဆံၚ် ပြံၚ်စၠောံကၠုၚ် ဗီုပြၚ်သ္ဇိုၚ်သၞောဝ် ဆက်စပ်ကဵု ဗုဒ္ဓဘာသာ သိုက်သိုက် မွဲကၞပ်ရောၚ်ဂှ် ဟီုပၠန်ရ။


ကတ်လ္ၚတ်ရံၚ် ဓမ္မသာတ်ဝါရေဝ်ရောဝ်မ္ဂး အခန် (၁၈) အခန် ပါလုပ်ရ။ ယၚ်တအ်ဝွံ ၁) ကဏ္ဍဂၠေံခတှ် ၂) ကဏ္ဍကဵု ကေတ် ကာလပတူအိန်ထံၚ် ၃) ကဏ္ဍ တြုံ ဗြဴ ပြး ၄) ကဏ္ဍစှ်ေဒၞါဲ-ပတူအိန်ထံၚ် ၅) ကဏ္ဍသၠးပွး ကဵုဒါန် ၆) ကဏ္ဍပါ်ပရအ်အာဲ ရ) ကဏ္ဍသွံရာန် ၈) ကဏ္ဍပအပ်ကပေါတ် (ထဝ်သြန် ကေုာံ ကၠအ်ဂူယာ) ၉) ကဏ္ဍပံၚ် ကပေါတ်ထဝ်သြန် ၁၀) ကဏ္ဍပါ်ပရအ်ကပေါတ် ၁၁) ကဏ္ဍလံၚ်ဝေၚ် ၁၂) ကဏ္ဍလိၚ်ကောန် ကမၠောန် ၁၃) ကဏ္ဍဆက်စပ်ကဵု တိရိစ္ဆာန် သတ်ဇိုၚ်ၜါ ကေုာံ သတ်ဇိုၚ်ပန် ၁၄) ကဏ္ဍဆက်စပ်ကဵုဍိက် ၁၅) ကဏ္ဍဆက်စပ်ကဵု ကလိလောန်ဒုဟ်နတဲ ၁၆) ကဏ္ဍဟီုခရိုဟ် စောဲစပ်ညးမွဲလ္ပာ် ၁၇) ကဏ္ဍပိုၚ်ခြာတိဍာ် ၁၈) ကဏ္ဍကၠတ်ဒြပ် သာ်ဝွံ မဒှ်ရ။ ပၞောဝ်ကဵု အခန်ဂမၠိုၚ်ဝွံ အခန်ဆက်စပ်ကဵု ရာဇဝတ်ဂှ် (၅) အခန် ကေုာံ ဓမ္မဝတ်ဂှ် (၁၃) အခန် ပါလုပ်တုဲ ရပ်စပ်သုၚ်စောဲကၠုၚ် ပ္ဍဲလက်ထက် သၟိၚ်ဝါရေဝ်ရောဝ် ဗွဲမကိတ်ညဳကဵု ဒဒိုက်သၞာ ညးဍုၚ်ကွာန်တအ်ရောၚ် ထေၚ်ကေတ်မာန်ရ။


လ္ၚတ်ရံၚ်ဓမ္မသာတ်ဝါရေဝ်ရောဝ်လၟေၚ်အခန်မ္ဂး ဂွံဆဵုညာတ်ကေတ် တၚ်နၚ်တၟေၚ်တၟဟ်တအ်မာန်ရ။ တၚ်ပထမဂှ် စပ်ကဵု စဳရေၚ်ဂဗုတ် ဖျေံသ္ဂုတ်သွာတ် ဗီုပြၚ် ယဵုသစ္စာ မဒှ်ရ။ တၠဂဗုတ်ၜါလ္ပာ် ယဵုသစ္စာတုဲ စဳရေၚ်ဂဗုတ်ဂှ် ဂွံဆဵုကေတ်ရ။ ပ္ဍဲအခန်ဂၠေံဒြပ်ဝွံ ညးဂၠေံလဝ်သြန်ဂှ် ဟီုဒစဵုဒစး ဒဒှ်ရ ညး ဟွံဂွံဂၠေံလဝ်သြန်မ္ဂး ညးဂၠေံပ္တိတ်ကဵုသြန်ဂှ် ယဵုသစ္စာတုဲ ဒဒှ်ရ ဂွံဂၠေံလဝ်ကဵု သြန်ဍာံဍာံဂှ် ဒးထ္ၜးသက်သဳရ။ ယဝ်ခါရ ဟွံယဵုသစ္စာမ္ဂး၊ ယဵုသစ္စာဟွံမာန်မ္ဂး ဒးကလေၚ်လေဲကဵု ညးဂၠေံပ္တိတုကဵုသြန် ဗၞတ်ၜါဆရောၚ်။ ကာလယဵုသစ္စာမ္ဂး ဒုၚ်သ္ဇိုၚ်ကဵု ၚုဟ်မးသြန်ဂၠေံတအ်တုဲ သြန်စှ်ဒကေဝ်မ္ဂး အတိုၚ်ဂ္ဇံမံၚ်၊ ၜါစှော်ဒကေဝ်မ္ဂး ဒတူတုဲကီု၊ ပိစှော်ဒကေဝ်မ္ဂး ဂတမုက်လ္ပာ်ဗၟံက်တုဲ ဒတူတုဲကီု၊ ပန်စှော်၊ မသုန်စှော် ဒကေဝ်မ္ဂး ဂတမုက်လ္ပာ်တ္ၚဲတိုန်ကီု၊ တြဴစှ်ေ၊ ထပှ်စှော် ဒကေဝ်မ္ဂး နကဵုဒတူမံၚ် ပ္ဍဲတမ်ဆုကီု၊ ဒ္စာံ၊ ဒ္စိတ်စှော်ဒကေဝ်မ္ဂး ဒတူဂတမုက်ကျာ်မၞုံကဵု ဣဒ္ဓိကီု၊ ကၠံဒကေဝ်မ္ဂး အာဇရေၚ် ဍာ်ၜဳကြုၚ်တုဲ ဒးယဵုသစ္စာအိုတ်ရ။ သၞောတ်သၞောဝ်ဓဝ် စွံၚုဟ်မး သ္ပအရှ်ေအသှ်ေကဵု ဓဝ်ဍာံ ကေုာံ အရေဝ်သစ္စာတအ် မဒှ်ရ။ ဆက်တုဲ မၞိဟ်မၞုံ တန်ကြန်ကဵုသဳလ၊ အောန်ကြဳကဵုလောဘ၊ မၞုံကဵုပိုန်ဒြပ်ဒတန်၊ ပတှ်ေပ္ဍဲသံသာ၊ ကလောမသဂၠိုၚ်၊ ညးပိုန်ဒြပ်ဂၠိုၚ်၊ ညးယျဵုလ္ဂူတပ်တး ဂကူမၞိဟ် သာ်တအ်ဏံဂှ် စွံပ္တိုန်လဝ် မၞိဟ်သ္ပသက်သဳ ဒးပတှ်ေထေက် သၟာန်ထေက်တအ်ရောၚ် သ္ဂးလဝ်နွံရ။ ရံၚ်ကေတ်ဒဒှ်ဏံမ္ဂး ဆဵုညာတ်ကေတ် သၞောတ်ဗီုပြၚ်ယဵုသစ္စာ ဒုၚ်သ္ဇိုၚ်ကဵု သဘဴဓဝ် ပတှ်ေစှ်ေစိုတ် ဗီုဒ္ဓဘာသာမာန်ရ။


ပါဲနူယဵုသစ္စာတုဲ ဗီုပြၚ်စဳရေၚ်ဂဗုတ် နနဲ ဂၠးပန်သာ် (ကမ္ဘာလေးရပ်) ဂှ် စိုတ်လေပ်စခိုဟ် ကွေံကွေံရ။ နဲတအ်ဂှ်ဝွံ စှ်ေကၠုၚ်နူဓမ္မသာတ်မနု ဗွဲတိုက်ရိုက်တုဲ ပ္ဍဲအမှုအရာၜုၚ်တက်တအ်ဂှ် သက်သဳဟွံမွဲမ္ဂး သုၚ်စောဲအိုတ်ရ။ ပတှ်ေကေတ် ဗယိမၚ်မွဲလောကတအ်ဂှ် ဟွံသ္ကုတ်ကၠေံဓဝ်ဍာံမွဲသာ် သ္ဂုတ်သွာတ် စဳရေၚ်အတိုၚ်ကံတုဲ နိဿဲကေတ် ဓါတ်ပန်သာ် မပ္တံကဵု တိ၊ ဍာ်၊ ပၟတ်၊ ကျာ နနဲ ပြိုၚ်ပၟတ်၊ စသ္ၚု (သ္ၚာဲသ္ၚု)၊ ထံက်တၟံ (ခဲထောက်)၊ နဲဍာ် တအ်ဂှ် သုၚ်စောဲတုဲ ကဵုပြိုၚ်တဴအိုတ်ရ။ ပြိုၚ်ပၟတ်ဟီုဂှ် ညးတၠဂဗုတ်ၜါလ္ပာ်ဂှ် ဍေန်ကေတ်ပၞာၚ် ဂယိုၚ်တုပ် သၟဟ်တအ်တုဲ ညးပၟတ်ပၞာၚ်ပၠေတ်ကၠာဂှ် ဒးကျကီု၊ ပ္ဍဲပွ သ္ၚာဲသ္ၚု ဂှ်ဝွံ ကုညးတၠဂဗုတ်ၜါတၠဂှ် ကဵုသ္ၚာဲသ္ၚု ဂယိုၚ်မွဲ ဒကေဝ်တုဲ ညးသ္ၚာဲဍိုတ်ဂၠိုၚ်ကၠာဂှ် ဂွံဇၞးကီု၊ ဍဵုတၟံ (ထံက်တၟံ) ဂှ် တၞုၚ်တဲ ညးတၠဂဗုတ်ၜါတၠဂှ် စုတ်ပ္ဍဲထၟာဲဍာ်ဍုန် ထၜိုဟ်ပရာဲလဝ်တၟံ (အရည်ကျိုထားသောခဲ) တအ်တုဲ ညးတၞုၚ်တဲ ဟွံဂုဟ်ဂှ် ဂွံဇၞးကီု၊ ပ္ဍဲအရာ စဳရေၚ် နကဵုဍာ်ဝွံ ညးတၠဂဗုတ်ၜါလ္ပာ်ဂှ် အာစိုပ်ပ္ဍဲဍာ်ကၟာ (ဟွံသေၚ်) ကြုၚ်တုဲ ပြိုၚ်ဗၠိုပ်ဍာ် ညးမံက်တိုန်ကၠာဂှ် ဒးကျကီု သာ်ဝွံ ကဵုသ္ဂုတ်သွာတ်အိုတ်ရ။ နဲစဳရေၚ်ဂၠးတိပန်သာ်ဏံဂှ် ဒုၚ်သ္ဇိုၚ်ကဵု ပရေၚ်တုပ်စိုတ် ညးတၠဂဗုတ် တအ်တုဲ သ္ဂုတ်သွာတ်နာဲဗ္စာဂှ် ဒးဒှ်ဒတုဲရောၚ်။ နသဘဴဓဝ် ဗယိ (နတ်)တအ် မၚ်မွဲသၞောဝ်ဓဝ်တုဲ ညးဒုဟ်နွံတအ် စိုတ်ဟွံတန်ကြန် ဒးကျဂဗုတ် သာ်ဝွံ ပတှ်ေတုဲ စဳရေၚ်ကၠုၚ်ဂဗုတ် နနဲသာ်ဏံ ပ္ဍဲခေတ်ကာလဂှ် နွံကၠုၚ်ဍာံဍာံရ။



ဓမ္မသာတ်ဝါရေဝ်ရောဝ် ပါမောက္ခဒံက်တာ ဖဝ်ချာန်မာ မကၠာဲစၠောံလဝ် နကဵု ဘာသာ ဗမာ - အေၚ်္ဂလိက်

ပ္ဍဲသၞာံ ၁၈၉၂




ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ပၞောဝ်ကဵုတၚ် ဟွံတုပ်တၞဟ်ခြာကဵု သၞောဝ်ဟိန္ဒူဂှ် ပရေၚ်ကဵုလဝ် အခေါၚ်အရာ တုပ်သၟဟ် အကြာ ညးတြုံ ကဵု ညးဗြဴလေဝ် ပါလုပ်ရ။ ပ္ဍဲအခန် ထပ်တဲပတူအိန်ထံၚ်ဂှ် ရုဲစှ်တ္ၚဲဂွံထပ်တဲတုဲ လ္ပာ်ညးတြုံဟွံကၠုၚ်မ္ဂး မိမ ညးဗြဴဂှ် ကောန်ဝုတ်ဇကု ကဵုစ မၞိဟ်တၞဟ်မာန်ရ။ ဟွံကၠုၚ်အာတ်ကဵု အတိုၚ်ကပေါတ်ကဵုလဝ်ဂတိပါၚ်မ္ဂးလေဝ် လ္ပာ်ညးဗြဴ ဟွံထပ်တဲမံၚ်ဂွံရ။ သၟတ်တြုံမွဲတၠ ဖံက်ပၠန်ဒးသၟတ်ဗြဴမွဲတုဲ ဒှ်ညးဗြဴတၠသ္ၚိနွံမ္ဂး ၁၅ ဒကေဝ်၊ အာယုက်ဟွံပေၚ်မ္ဂး ၂ ဆ၊ ညးအာယုက်ဇၞော်မ္ဂး ၂ ဆ၊ ဟွံတုပ်စိုတ်မ္ဂး ၂ ဆ ဒးလေဲရောၚ်ဂှ် ဓမံက်ထ္ၜးလဝ်ရ။ ညးဗြဴ ဒးဒုၚ်ဖံက်ပၠန်ဂှ် ဒှ်ညးကြအ်မံၚ်၊ ညးမၞုံကဵုယဲဇၞော်၊ ညးကတောဝ် ဍိုၚ်မံၚ်မ္ဂး ဒးရံၚ်စံၚ်အာညးတအ် အတိုၚ်မွဲလအိုတ်ဘဝရ။ ကောန်ဝုတ်ဇကု ဖံက်ပၠန်ဒးကဵု သၟတ်တြုံမွဲမ္ဂး မိမဂှ် ပအပ်စကဵုမာန်ရ။ ကဵုစဟွံမာန်မ္ဂး အာတ်လေဲမာန်ရ။ ယဝ်ခါရ လ္ပာ်ညးဗြဴ နအလဵုဆန္ဒဇကု အာတိက်မံၚ်ကဵု ညးတြုံမ္ဂး ပ္ဍဲညးတြုံဂှ် ဒုဟ်ဟွံမွဲတုဲ လ္ပာ်ညးဗြဴဂှ် ရန်ကဵု ပိုန်ဒြပ်မွဲမွဲသာ်တုဲ အာတိက်မံၚ်မ္ဂး လက်ကရဴမှ ‘ထပ်တဲကဵုအဲညိ၊ ကဵုအဲၚုဟ်လေဲညိ’ သာ်ဏံ ကလေၚ်အာတ် ဟွံဂွံရ။


ဆဂှ်သၟးဟွံက ပ္ဍဲအခန်တြုံဗြဴပြးဂှ် သမ္ဘာကဵု တၠသ္ၚိဂှ် အခေါၚ်ပြး ဗွဲမဗၠးၜးနွံရ။ သမ္ဘာ (ဟွံသေၚ်) တၠသ္ၚိ စုတိမ္ဂးလေဝ် ထပ်ပတူအိန်ထံၚ်တၟိမာန်ရ။ သမ္ဘာကဵုတၠသ္ၚိညးၜါ ပံၚ်ဖက်ဆက်ဆောံပြေပြံၚ်မံၚ်ဖိုဟ် ညးမွဲမွဲဂှ် မိက်ဂွံပြးမ္ဂး ညးမိက်ဂွံပြးဂှ် ဒးစှ်ေအာနူသ္ၚိ နကဵုတဲသၟးတုဲ ညးသှ်ေဂှ် ဂွံဒုၚ်စသိုၚ် ဒြပ်ရတ်ထဝ်သြန်တအ် ဖအိုတ်ရ။ ကာလဂၠေံသြန်မ္ဂး တၠသ္ၚိ (ဟွံသေၚ်) သမ္ဘာဂှ် တြုံတၠသ္ၚိ၊ သမ္ဘာဇကု ဟွံတီမွဲသာ် ဂၠေံလဝ်သြန်မ္ဂး ညးဂၠေံပ္တိတ်ကဵုသြန်ဂှ် ကၠုၚ်ဗက် ပ္ဍဲညးဟွံတီဂှ် ဟွံဂွံတုဲ ဒးကၠုၚ်ဗက် ဂတမုက် သီုညးၜါတၠရောၚ်။ တၠသ္ၚိဂှ် ၜုၚ်တက်သမ္ဘာမ္ဂး ဒုဟ်ဒဏ် ၜုၚ်တက် ၜါဆ ကဵုဒုဟ်မာန်ရ။ အခေါၚ်အရာ အကြာ တြုံကဵုဗြဴ ညံၚ်ဂွံညဳသၟဟ်မာန် ဗွဲမသၟဟ်အစောံ ဓမံက်ထ္ၜးလဝ်အိုတ်ရ။ ဆက်တုဲ ပ္ဍဲကဏ္ဍပါ်ပရအ်အာဲဂှ် မ စုတိမ္ဂး ကောန်တြုံဇၞော်ဂှ် ကလိဂွံ အရပ်အစပ် မ ကေုာံ ဍိက် မ တအ်တုဲ၊ မိစုတိမ္ဂး ကောန်ဝုတ်ဇၞော်ဂှ် ကလိဂွံ အရပ်အစပ်မိ ကေုာံ ကောန်ဍိက် မိ တအ်ရ။ မိမ သီုၜါတၠ စုတိမ္ဂး ကောန်ဇၞော် တြုံ၊ ဗြဴ တအ်ဂှ် ဂွံဒုၚ်စသိုၚ် အရပ်အစပ်မိမတအ်တုဲ ပါ်ပရအ်ကဵု ပိုန်ဒြပ်တအ်မာန်ရောၚ် ဓမံက်ထ္ၜးလဝ်ရ။


ပ္ဍဲဗွိုၚ်မၞိဟ်ဂကူမန်ဝွံ ဗီုပြၚ် ပါ်ခြာဇာတ် ညံၚ်ရဴ ယေန်သၞာၚ်ဟိန္ဒူဂှ် ပြာပြာကတ်ကတ် ဟွံမွဲရ။ ဆဂး ဟိုတ်နူဒှ် သၞောတ်ပဒေသရာဇ်တုဲ ပရေၚ်ပါ်ခြာ ကဆံၚ် နွံမံၚ်ဂှ် တုပ်အာညံၚ်ရဴ နှေဲအာကဵု သၞောဝ် ဟိန္ဒူ ညိညနွံရ။ သၟတ်တြုံမွဲ ဖံက်ပၠန်ဒး သၟတ်ဗြဴမွဲတုဲ သၟတ်ဗြဴဂှ် ဒှ်ဂကူသၟိၚ်မ္ဂး သြန် ၁၂၀၊ ဂကူပုဏ္ဏ (ပုဏ္ဏား) မ္ဂး ၉၀၊ ဂကူပိုၚ်ပြဳ တိဂူယာမ္ဂး ၃၀ သာ်ဏံ ယဝ်ခါရ ရံၚ်သ္ၚဳကေတ်မ္ဂး တုပ်မံၚ်ညံၚ်ရဴ ပါ်လဝ်ဇာတ် ပ္ဍဲသၞောဝ်ဟိန္ဒူကီုရ။ ပ္ဍဲအခန် ၜုၚ်တက်ဂှ် ရပ်ဒးသော်က္ဍိုပ် သ္ကိုပ်ပၞာန်မ္ဂး ရ၀၀ ဒကေဝ်၊ လမာတ်ကဆံၚ်ကဆံၚ်တအ်မ္ဂး စနူ ရ၀ စဵုစိုပ် ၄၀၀ ဒကေဝ်၊ သေဌဳမ္ဂး ၆၀ ဒကေဝ်၊ တၠဒဒိုက်မ္ဂး ၁၅ ဒကေဝ်၊ ဍိက်မ္ဂး ၁၀ ဒကေဝ် သာ်ဝွံ ပါ်ကဆံၚ်တုဲ ဒးလေဲကီုရ။ ဟိုတ်နူဒှ်သၞောတ်ပဒေသရာဇ်တုဲ သၟိၚ် ကေုာံ ဗွိုၚ်ဂကောံအုပ်ဓုပ်ကဆံၚ်လ္တူတအ် ဂွံအခေါၚ်အရာတၟေၚ်ဂၠိုၚ်ဂှ် ဂွံဆဵုကေတ်ရ။ သၟိၚ်ကၠုၚ်မ္ဂး ညးတၠဒဒိုက်တအ် ဒးပါဲကဵုတုဲ ဟွံပါဲဇီုကပိုက်ဒးမ္ဂး ဒုဟ်ဟွံမွဲရ။ ပါဲမံၚ်ဖိုဟ် ဇီုဒးမ္ဂး ဒးလေဲကဵုရ။ ပြဿနာတိဍာ် က္တဵု အကြာ သၟိၚ် ကဵု လမာတ်မ္ဂး သၟိၚ် ဂွံဇၞးရ။ တၚ်တၟေၚ်မွဲသာ်ပၠန်ဂှ် သၟိၚ်၊ ပုဏ္ဏာ၊ ညးကြအ်ယှောတ်၊ ကောန်ၚာ်၊ ညးအာယုက်ဇၞော် (ဗျု) တအ် ကၠတ်ဒးဒြပ်မ္ဂး ဒုဟ်ဟွံမွဲ ဓမံက်ထ္ၜးလဝ်တုဲ သၟိၚ်ဂှ် တုပ်ညံၚ်ရဴ ဗၠးတိတ်မံၚ် နူဗွိုၚ်သၞောဝ်ရ။


ပ္ဍဲဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ စပ်ကဵု အမှုရာဇဝတ်တုဲ ကဵုလဝ်ဒုဟ်ဒဏ် သ္ကာတ်သ္ကတ်မြဟ်မြဟ်ဂှ် အောန်ကွေံရ။ ပ္ဍဲဓမ္မသာတ်မနုဝွံ အခန်ဂစိုတ်မၞိဟ်ဂှ် ပါလုပ်မံၚ် နကဵုကဏ္ဍတၞဟ်ခြာမွဲသက်သက်တုဲ ပ္ဍဲဓမ္မသာတ်ဝါရေဝ်ရောဝ် ဏံဂှ် နကဵု ကဏ္ဍပါ် ပ္ဍဲအခန်ၜုၚ်တက်ဂှ်ဟေၚ် ပါလုပ်ရ။ ၜုၚ်တက်ဒးမၞိဟ်မွဲတုဲ ဂွံအာဝပ် ကြပ်ချိုတ်မ္ဂး ၈၀ ဒကေဝ်၊ ၜုၚ်တက်ဒးဒဵုချိုတ်မ္ဂး ဒးလေဲ ၃၀၀ ဒကေဝ်ရ။ ညးဒးဒုၚ်ၜုၚ်တက်ဂှ် ဒှ်ခမဳသၚ်မ္ဂး ထဝ်ဂယိုၚ်ကၠံ (ရေႊစၚ်တစ်ရာ)၊ သ္ကိုပ်ပၞာန်မ္ဂး ကောန်ဍိက် ၄၀၀ တၠ ၊ လမာတ်မ္ဂး ဍိက် အကြာ ၈၀ ကဵု ၃၀၀ တၠ၊ သေဌဳမ္ဂး ဍိက် ၂၀ တၠ ဂှ် ဒးလေဲကဵုရ။ ဒုဟ်ဒဏ်ဂစိုတ် သွက်ညးကလိလောန်ဒုဟ်ဂှ် ဟွံဆဵုကေတ်ရ။ ညးၜါတၠ တုပ်စိုတ်တုဲ ၜုၚ်တက်ညးသကအ် ချိုတ်အာမ္ဂး ဒုဟ်ဟွံမွဲ သာ်ဝွံ သ္ဂးလဝ်ရ။ အရာဒးသမ္တီခိုဟ် ပ္ဍဲဓမ္မသာတ်ဝါရေဝ်ရောဝ် မွဲဂှ် တြုံတၠသ္ၚိဂှ် ဆဵုဂဗဒး သမ္ဘာဇကု ဖံက်ပၠန်မံၚ်ကဵု ညးတြုံတၞဟ်မွဲမ္ဂး ဒၞါဲဆဵုဂှ် ဗာ်ဂစိုတ်မာန်တုဲ တြုံဂှ် ဂြိုပ်ဒဴစှ်ေ နူဇိုၚ်တၞုၚ် ၜက်နူဇိုၚ်ဂယူသ္ၚိမ္ဂး ဂစိုတ်ဟွံဂွံရောၚ် မဒှ်ရ။


ကလေၚ်သ္ၚဳရံၚ်ဒုဟ်ဒဏ် ပ္ဍဲဓမ္မသာတ်ဝါရေဝ်ရောဝ်မ္ဂး လ္တူနူဒုဟ်ဒဏ်ၜုၚ်တက်ဂှ် ဒုဟ်ဒဏ် ဟီုဂစိုတ်စောဲစပ်ဂှ် ပဵုတုဲ ဂၠိုၚ်မံၚ်ရ။ ညးကလိလောန်ဂှ် ကဵုဂေတ်ကြောဝ်ထ္ၜး ပ္ဍဲအကြာဍုၚ်ကီု၊ ညးယုတ်သဝ်မွဲ ကၠတ်စဒး စၞစ၊ အရပ်အစပ် ညးပြဲသၠုၚ်တအ်မ္ဂး ဒးဒုၚ် ရေက်ထပိုတ် ဇိုၚ်၊ တဲ အဝယ်ခန္ဓကာယကီု၊ ဟီုဂရိုဟ်စောဲစပ်လ္တူ ပုဏ္ဏားမ္ဂး စဝ်ဖျေံဍာ်ပၟတ် ပ္ဍဲခဍောၚ်ကအ်ကီု၊ ဟီုဓမံက်ပ္တိတ်စ ကလာန်ကာပၞုက်မ္ဂး ဒးဒုၚ်ရေက်ထပိုတ်လ္တာ်ကီု သာ်ဝွံ ဗွဲမဓဇန်ကြာန် ကဵုလဝ် ဒုဟ်ဒဏ်နွံရ။


ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ဟိုတ်နူခၞံမဒှ်ကၠုၚ် နူပွိုၚ် ၜိုတ် ရ၀၀ သၞာံပြၚ်ရတုဲ ဟွံကိတ်ညဳတၞဟ်ခြာ မံၚ်ကဵု ခေတ်ကာလလၟုဟ်မာန်ရ။ ဥပမာ- လ္တူသမ္ဘာ ကလိဂွံကောန်ဇာတ်ဟွံသၟဟ်အစောံ၊ ကလိဂွံ ကောန်ဗြဴ သက်သက်မာန်ကီုတအ်ဂှ် နကဵုတၠသ္ၚိ အခေါၚ်ထောံကၠေံမန်ကီု၊ တၠဂှ် ဖံက်ပၠန်ဒးကဵု ဍိက်ဗြဴ မဒှ် တၞောဝ်ဇုဇဗလမ္ဂး ဒုဟ်ဟွံမွဲ သာ်ဝွံ တၚ်ဒုၚ်တဲ ဟွံမာန်တအ် ပါလုပ်မံၚ်နွံရ။ ပ္ဍဲအခန်ၜုၚ်တက် ဂှ်ပၠန် ဟီုဂး ၜုၚ်တက်ဒး ခမဳသၚ်မ္ဂး ဒးကလေၚ်ပူဇဴ နကဵု ပုၚ်၊ သွ၊ (ပေါက်ပေါက်) ၁၀၀ သ္ဂးလဝ်တုဲ ၜုၚ်တက်ဒး ညးယဲ၊ ညးကြအ်၊ ညးဒးလဝ်ဘဲဒဏ်သၟိၚ်၊ ပုဏ္ဏာ၊ မၞိဟ်အာယုက်ဇၞော်၊ ကောန်ၚာ် ပါလုပ် သီုခမဳသၚ်မ္ဂး ဒုဟ်ဟွံမွဲဟီုပၠန်တုဲ ဂတကြဴ ဟွံကိတ်ညဳလေဝ် ဂွံဆဵုကေတ်ရ။ ဆက်တုဲ ညးဂၠေံသြန်ဂှ် ဂြိပ်မ္ဂး ညးပါလုပ် နဒဒှ်သက်သဳ အခိၚ်ဂၠေံသြန်ဂှ် ဒးလေဲကဵု သီုအိက်သီုတမ်ကီု၊ ကောန်ဇာတ်၊ ဍိက်၊ သ္ၚိဇကုတအ်ဂှ် ကဵုညးမွဲသၟာၚ်တုဲ ကဵုၚုဟ်မးခန္ဓ၊ ၚုဟ်မးသ္ၚိတုဲမှ ကလေၚ်ကေတ်မာန်ကီု၊ ကပှ်ဂွံဒြပ်မ္ဂး ဒးပါ်ပရအ်ကေတ် အကြာ တၠတိဍာ်တအ်ကီု၊ ကောန်ဇာတ် ဟွံကၠောန်ဝတ်ဇၞော်ဍောတ် မိမမ္ဂး ဟွံဂွံဒုၚ်စအာဲကီု၊ ပ္ဍဲပေါဲဒှ်သၞမွဲဂှ် ညးဓလာ်ထ္ၜး ဂၞိန်၊ ဂၠိက်မ္ဂး ဒှ်ညးကျကီု၊ ဒှ်ပြဿနာတိဍာ်ဂှ် ထ္ၜးသက်သဳဟွံမာန်မ္ဂး သ္ပသ္ဇိုၚ်ကဵု ဝါဗ္ၚဂှ်တုဲ ဂွံပတုဲလဝ်ဒါန် ဗွဲကိုပ်ကၠာမ္ဂး ဂွံဇၞးကီု၊ ကောန်ဇာတ်၊ ဍိက်၊ ကွး တအ် ကၠတ်ဒးဒြပ် မိမ၊ တၠ၊ အ္စာ တအ်မ္ဂး ဒုဟ်ဟွံမွဲ သာ်ဝွံ တၚ်တၟေၚ်တၟဟ်တအ် ပါလုပ်မံၚ် ဗွဲမဂၠိုၚ်ရ။


ဗွဲသရောပ်မ္ဂး ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ဒှ်ဓမ္မသာတ် ဖ္ဍိုက်ဗပေၚ်ကၠုၚ် ပ္ဍဲအရာ ဖျေံသ္ဂုတ်သွာတ် စပ်ကဵုအမှုအရာ ပတဝ်ကဵု ပရေၚ်ဍုၚ်ကွာန်၊ မံၚ်စံၚ်စသုၚ် ဂကူမန်တအ် ဗွဲမဇၞောန်သၠဲကီုရ။ ဆဂးဂှ် အတိုၚ်ဂလာန် ‘ရာဇသာတ်ဂှ် အုပ်ဓလီု ဓမ္မသာတ်ရ၊ ကတိကဝတ်ဂှ် အုပ်ဓလီု ရာဇသာတ်’ တုဲ ဂလိုၚ်လဵု ခၞံဗဒှ်လဝ် ဓမ္မသာတ်ကီုလေဝ် တၚ်နၚ်ဓမ္မသာတ်တအ်ဂှ် ဒးဒုၚ်အုပ်ဓလီုကဵု အမိန်ရာဇာဒဏ်သၟိၚ်မာန် တုဲ အမိန်သၟိၚ်ဂှ် ကတိကဝတ် ပရေၚ်တုပ်စိုတ် ညးတၠဂဗုတ်ၜါတၠတအ် သရိုဟ်ထောံမာန်ရ။ ဗီုလဵုဟီုဟီုရ ပတဝ်က္ဍိုပ်ကဵု ပရေၚ်ညဳသၟဟ်၊ ပရေၚ်ဗဗွဲဓဝ်၊ ပရေၚ်ဆာန်ကၟိန်ၜိုဟ်သြိုဟ်တအ်ဂှ် သၟိၚ်၊ ညးရေၚ်တၠုၚ်ဗုတ်တအ် အဆက်ဆက် ရပ်ဂိုၚ်ကေတ် ဓမ္မသာတ်ဏံတုဲ ဖျေံကၠုၚ်သ္ဂုတ်သွာတ် လ္တူအမှုအရာ သၟးဟွံက ညးဍုၚ်ကွာန်တအ်လေဝ် ဒ္ဂေတ်ဗက်မၚ်မွဲကၠုၚ်ရောၚ် တော်ဆကေတ်မာန်ရ။ ဟိုတ်ဂှ်ရလေဝ် ဓမ္မသာတ်ဝါရေဝ်ရောဝ်ဝွံ ပ္ဍဲဝၚ်သၞောဝ်ဓဝ် မွဲဒမြိပ်ဂှ် ဒှ်ကၠုၚ် ဓမ္မသာတ် မၞုံကဵု အသဝ်ဂုဏ်ဇၞော် ပါဲကၠေံစွံလဝ်ဟွံဂွံမွဲကၞပ် ဒဵုတွဵုတ္ၚဲဏံရ။


 

ကျမ်းကိုးစာရင်း


  • ဂကောံဗ္တောန်လိက်ပတ်မန်ကေုာံ ယေန်သၞာင်ဗုဒ္ဓဘာသာ အလုံဒေသရးမန် (၂၀၁၃)။ ဝင်မန်ပ္တန်ဍုင်မုတ္တမ (မတၟ)။ မတ်မလီု၊ တက်တြးပတိတ်လေဝ်ရောင် (မူအပြောံ)။

  • ဇော်အောင်ထွတ် (စာကြည့်တိုက်ပညာ) (၂၀၀၁)။ မြန်မာနိုင်ငံ ‌ပိဋကတ်တိုက်၊ စာကြည့်တိုက်များ (ပထမအကြိမ်)။ ရန်ကုန်၊ စာပေဗိမာန်ပုံနှိပ်တိုက်။

  • ထွန်းမြိုင်၊ မောင် ‌(၁၉၂၅)။ မြန်မာဗုဒ္ဓဘာသာဥပဒေ (ပထမတွဲ - အိမ်ထောင်ခန်း)။ ရန်ကုန်၊ ဗြိတိသျှဘားမား ပုံနှိပ်တိုက်။

  • နိုင်ခင်မောင်လေး (၂၀၀၇)။ မွန်သမိုင်း၏ ပုံရိပ်များနှင့် အခြားဆောင်းပါးများ (ပထမအကြိမ်)။ ‌ရန်ကုန်၊ လောကနတ်စာပေ။

  • နိုင်ပန်းလှ (၂၀၀၅)။ ‌ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ‌(အဋ္ဌမအကြိမ်)။ ရန်ကုန်၊ အားမာန်သစ်စာပေ။

  • နိုင်မောင်တိုး (၂၀၁၄)။ မွန်လူမျိုးတို့၏ သမိုင်းအကျဉ်း (ပထမအကြိမ်)။ ‌ရန်ကုန်‌၊ ဆုမိသားစုစာပေ။

  • မြစိန်၊ ဦး (၂၀၁၈)။ ‌မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ (တေရသမအကြိမ်)။ ရန်ကုန်၊ ဂုဏ်ထူးစာပေ‌။

  • သိန်းလှိုင်၊ ဦး (၂၀၀၀)။ ခေတ်ဟောင်းမြန်မာ့သမိုင်း ‌သုတေသနအဘိဓာန်။ ‌ရန်ကုန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာန၊ တက္ကသိုလ်များပုံနှိပ်တိုက်‌။

  • Aung-Thwin, Michael A. (2017). Myanmar in the Fifteenth Century: A Tale of Two Kingdoms. Honolulu, University of Hawai'i Press. https://www.jstor.org/stable/j.ctvvn2pv

  • Forchhammer, E. (1892). John Jardine (ed.) King Wagaru’s Manu Dhammasattham: Text, Translation, and Notes. Rangoon, The Superintendent, Government Printing, Burma. www.burmalibrary.org/docs20/1892-wagaru_manu_dhammasattham-ocr-tu.pdf

  • Richardson, D. esq. (1847). The Damathat, or The laws of Menoo: Translated from the Burmese (Vol. 14). Maulmain, American Baptist Mission Press. https://archive.org/details/damathatorlawsof00manurich/page/n3/mode/2up

  • မိခင်စောအောင်၊ ဒေါက်တာ (၂၀၁၃)။ ‌မုတ္တမမွန်မင်းဆက် ဝါရီရူဓမ္မသတ်အပေါ် လေ့လာခြင်း။ မုတ္တမမြို့ဟောင်း သုတေသနစာတမ်းဖတ်ပွဲ၊ ၂၀၁၃ နိုဝင်ဘာ ၁၀၊ အ.ထ.က မုတ္တမ၊ ‌မုတ္တမမြို့။

  • ဆလိုင်းကုန်ဇမှုန်း (ဥပဒေကျောင်းသား) (၂၀၁၃)။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၏ အရင်းအမြစ်များ။ ရန်ကုန်၊ ဂလိုရီးယားသတင်းဂျာနယ်၊ စာ -၁၃။

  • http://glorianewsmm.com/wp-content/uploads/2015/02/v1n2jan2013.pdf

  • ဉာဏ်စိန်၊ မောင် (၂၀၁၈)။ ‌ကမ္ဘာလေးရပ် တရားစီရင်နည်း။ ရန်ကုန်၊ မနောမယဂျာနယ်။ https://www.manawmayajournal.com/mns-13/#

  • ရဲနွယ် (သာစည်) (၂၀၁၈)။ ဗုဒ္ဓဘာသာနှင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ သိကောင်းစရာများ။ ရန်ကုန်၊ ယူနတီဂျာနယ်၊ (၁)(၁၃)။ http://www.unityjournal.com/my_MM/archives/3634

  • သောင်း၊ ဦး (၂၀၁၅)။ ကုန်းဘောင်ခေတ်ဦးတရားစီရင်ထုံး။ Myanmar Social Historical Archive။ http://myansha.blogspot.com/2015/05/blog-post_89.html

  • Eleven Media Group (၂၀၁၈)။ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၅)။ ရန်ကုန်၊ ELEVEN Journalhttps://news-eleven.com/features/54798

  • Eleven Media Group (၂၀၁၈)။ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၆)။ ရန်ကုန်၊ ELEVEN Journalhttps://news-eleven.com/features/58707

  • မွန်သမိုင်း။ ၂၀၁၉၊ မေ ၂၃၊ မဂဒူး (ခေါ်) ဝါရီရူဓမ္မသတ်ဖြတ်ထုံး။ https://www.facebook.com/586009335092491/posts/997646370595450/?d=n


 

Author and Translator


The author as well as translator, Mehm Chan Myae Aung (Zahan Mon), is a LL.M student, specializing ‘International Law’ at Department of Law, Mawlamyine University. He is a Planning and Management Team officer of Universities’ Mon Research Network.


 

Every picture used is credited to its origin.


The copyright and the patent of intellectual property for this article are dedicated to the Author and Universities’ Mon Research Network.



 
 

Comments


bottom of page